ကိုယ်ခံအားစနစ်အားကောင်းစေရန် ကြွက်သားများကို သန်မာအောင်တည်ဆောက်ပါ
![]() |
ကိုယ်ခံအားစနစ်အားကောင်းစေရန် ကြွက်သားများကို သန်မာအောင်တည်ဆောက်ပါ
ကျန်းမာရေးနှင့်ညီညွတ်သည့် အစားသောက်နှင့် လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် သင်မျှော်လင့်ထားသည့် နှစ်များထက် ပိုမိုကောင်းမွန်သည့် ဘဝအရည်အသွေးကို ပေးပါလိမ့်မည်။ ဒါပေမယ့် တစ်ကယ်ဂရုစိုက်ရန် လိုအပ်ပါတယ်။ အသက် (၄၀)ကျော်ပြီးနောက်တွင် ကျွန်ုပ်တို့ရဲ့ အရိုးစုကြွက်သားထုသည် ၁၀ စုနှစ် တစ်ခုကြာတိုင်း ၈ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ၎င်းကို စစ်ဆေးခြင်းမရှိပါက ကျွန်ုပ်တို့ရဲ့ ကိုယ်ခံအားစနစ်များလည်း ကျဆင်းလာနိုင်ပါတယ်။ ဒီနေ့မှာတော့ သန်မာသည့်ကြွက်သားများသည် အဘယ်ကြောင့် ကိုယ်ခံအားစနစ်အတွက် အရေးကြီးလဲဆိုတာ လေ့လာကြရအောင်။1,2,3,4
ကြွက်သားနှင့် ကိုယ်ခံအားစနစ်ဆက်စပ်မှု
လူကြီးတစ်ဦးသည် ၎င်းတို့ ခန္ဓာကိုယ်ထုထည်ရဲ့ ကြွက်သား ၁၀ ရာခိုင်နှုန်းမျှသာ ဆုံးရှုံးခြင်းဖြင့် ၎င်းတို့ရဲ့ ခုခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ကြွက်သားများသည် သွေးလည်ပတ်မှုနှင့် အမိုင်နိုအက်စစ်များ ထုတ်လုပ်ရန်အတွက် တာဝန်ရှိပြီး ဒဏ်ရာများကို ပြုပြင်ရန်၊ ရောဂါပိုးများတိုက်ဖျက်ရန်အတွက် ကိုယ်ခံအားဆဲလ်များကို အသက်သွင်း စွမ်းအားမြှင့်ပေးသောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် ကျွန်ုပ်တို့တွင် အဆီနည်းသောကြွက်သားများ များလေလေ ၎င်းတို့သည် ရောဂါပိုများကို ထိရောက်စွာ တိုက်ဖျက်နိုင်သည့် အမိုင်နိုအက်စစ်ကို သိုလှောင်ထားနိုင်လေလေဖြစ်ပါတယ်။1,2,3,4
အာဟာရသည် အကောင်းဆုံးကာကွယ်ခြင်းဖြစ်သည်။
သင့်ကြွက်သားတစ်ခုလုံးကို ချဥ်းကပ်ရန်အတွက် မှတ်ထားရမည့် အဓိကအာဟာရမှာ ပရိုတင်းဖြစ်သည်။ ၎င်းကို ခန္ဓာကိုယ်မှ ကျန်းမာသောပဋိပစ္စည်းများနှင့် ကိုယ်ခံစနစ်ဆဲလ်များ တည်ဆောက်ရန်အတွက် အသုံးပြုပါတယ်။1,2
ပရိုတင်း – ကြွက်သားအရည်အသွေးကို ထိန်းသိမ်းထားရန်အတွက် ခန္ဓာကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် အနည်းဆုံးပရိုတင်း ၁.၂ ဂရမ်ရရှိရန် လိုအပ်ပါတယ်။ အရည်အသွေးမြင့်ပရိုတင်းများမှာ အဆီမပါသော အသားများ၊ ကမာ၊ ဥအမျိုးမျိုး၊ ဒိန်ချဉ်၊ အခွံမာသီးများ နှင့် ပဲများဖြစ်ပါတယ်။ ၎င်းရွေးချယ်စရာများကို အကယ်၍ သင်သည် ထမင်းစားသည့်အချိန်တိုင်းတွင် မထည့်စားနိုင်ရင်တောင် မွှေကြော်စားခြင်း၊ Pies၊ Sandwiches နှင့် အသုပ်တွင် ထည့်၍ စားနိုင်ပါတယ်။2 ကျန်းမာရေးနှင့်ညီညွတ်သော စံပြထမင်းပန်းကန်ပုံစံမှာ အစေ့အဆန်များ ပန်းကန်လုံးရဲ့ ¼ (ဆန်လုံညိုနှင့် Quinoa ကဲ့သို့သော အစေ့အဆံများသည် ပရိုတင်းအရင်းအမြစ်များဖြစ်သည်) ဟင်းသီးဟင်းရွက် ပန်ကန်လုံးရဲ့ ¼ သို့မဟုတ် အသားပရိုတင်း နှင့် နောက်ဆုံးတွင် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ပန်ကန်လုံးရဲ့ ½ အနေဖြင့် စားနိုင်ပါသည်။5
သောက်သုံးနိုင်သောအာဟာရဖြည့်စွက်စာမှရသော ပရိုတင်း – အစားအစာတစ်ခုတည်းနှင့် မလုံလောက်ပါက HMB နှင့် အရည်အသွေးမြင့် ပရိုတင်းများပါရှိသော သောက်သုံးနိုင်သော အာဟာရဖြည့်စွက်စာများသည် လိုအပ်နေသောအရာများကို အစားထိုးနိုင်ပါသည်။ HMB သို့မဟုတ် Hydroxymethylbutyrate သည် amino acid leucine ရဲ့ ဇီဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ကြွက်သားတစ်ရှုးများ နှင့် ကိုယ်ခံအားဆဲလ်များ အားကောင်းလာစေရန် အရေးကြီးသည်။ အသက်ရလာသည်နှင့်အမျှ ခန္ဓာကိုယ်မှ ပရိုတင်းများကို ကောင်းစွာအသုံးပြုနိုင်စွမ်းကျဆင်းသွားသည်ကိုသတိပြုသင့်ပြီး သိပ္ပံနည်းကျဖော်စပ်ထားသည့် HMB ပါဝင်သည့် Ensure Gold နှစ်ဇွန်းတိုင်းတွင် HMB ၁.၅ ဂရမ်နှင့် အခြားသောအရည်အသွေးမြင့် ပရိုတင်းများကိုထောက်ပံ့ပေးပါသည်။6,7 ဗီတာမင် နှင့် သတ္တုဓာတ် 28 မျိုး ဖြင့်ပေါင်းစပ်ထားပြီး အာဟာရ 12 မျိုးက ကိုယ်ခံစွမ်းအား^ကို ပံ့ပိုးပေးသောကြောင့် ပြီးပြည့်စုံပြီး မျှတသည့် အာဟာရကို ရရှိမှာ သေချာပါသည်။ နို့မကြိုက်တဲ့သူများအတွက်ရွေးချယ်စရာကဘာလဲ။ အသစ်ထုတ်ထားသည့် Ensure Gold အပင်အခြေခံ ပရိုတင်း ကို ယခုရရှိနိုင်ပါသည်။ အပင်အခြေခံဖြစ်သည့် ပဲပိစပ်၊ ဆန်လုံးညို၊ နှင့် Quinoa ပရိုတင်းများဖြင့် ထုတ်လုပ်ထားသောကြောင့် သင့်အားတူညီသော ကြွက်သားခွန်အား*နှင့် ကိုယ်ခံစွမ်းအား^ကို ပံ့ပေးနိုင်သလို အယ်မွန် အရသာဖြင့်ထုတ်ထားပြီး ပုံမှန် HMB ပါဝင်သော Ensure Gold ကဲ့သို့ပင်ဖြစ်ပါတယ်။6,7
ကြွက်သားဆုံးရှုံးခြင်းသည် ရှောင်လွှဲ၍မရနိုင်သော်လည်း အရည်အသွေးမြင့် အာဟာရဓာတ်များပါဝင်သော အာဟာရပြည့်ဝသည့် အစားအသောက်များဖြင့် နေ့စဉ် ထိန်းသိမ်းနိုင်ပါတယ်။ အစားအစာနှင့်အတူစားသုံးသောအခါတွင် ကြွက်သားအတွက် HMB ပါဝင်သော Ensure Gold တွင် ပါဝင်သော အရည်အသွေးမြင့်ပရိုတင်းသည် သင့်အား ကျန်းမာ သန်စွမ်းစေရန်အတွက် ကူညီပေးနိုင်ပါတယ်။ နောက်ထပ်အချက်အလက်များနှင့် နာမူနာများအတွက် Ensure Myanmar သို့သွားရောက်ကြည့်ရှုနိုင်ပါတယ်။
References:
- http://activeage.co/building-strong-muscles-for-a-strong-immune-system/?fbclid=IwAR3rcFja4oVRD9pBXQ72jVUeTxDjEAMp89MBeRFrpUpCLRf78pdV_nbXByY
- https://www.channelnewsasia.com/news/advertorial/want-a-healthier-body-and-better-immunity-mind-your-muscles-13668420?fbclid=IwAR0czXU7r2zLhsPthPWz16NFoiRjPkUbHbWETLLzvYm_O0yYPjIG6EAEukI
- https://www.msdmanuals.com/en-sg/home/immune-disorders/biology-of-the-immune-system/effects-of-aging-on-the-immune-system
- https://www.medicalnewstoday.com/articles/strong-muscles-may-support-the-immune-system
- https://www.healthhub.sg/programmes/55/my-healthy-plate
- https://www.ensure.abbott/za/products/ensure-gold/hmb/
- https://abbottnutrition.com.my/products/ensure-gold
Additional Readings:
- https://trialsjournal.biomedcentral.com/articles/10.1186/s13063-015-0631-3
- https://www.thelancet.com/article/S2352-3964(19)30704-2/fulltext
- https://www.ensuremyanmar.com/ensure-careline/
^Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system.
*Ensure Gold contains scientifically evaluated level of protein which has been shown to improve strength