လူကြီးများနဲ့ အိုမီဂါ (၆) ရဲ့ အကျိုးကျေးဇူးများ

လူ့ခန္ဓာကိုယ်ဟာ ကျန်းမာရေးအတွက် Fatty acid များကို မရှိမဖြစ်လိုအပ်ပြီး အထူးသဖြင့် အရိုးနဲ့ အသက်ကြီးလာတဲ့အခါမှာ ဦးနှောက်အတွက်လိုအပ်ပါတယ်။ အခြား Fatty acid များမှအပ ခန္ဓာကိုယ်ဟာ သဘာဝအတိုင်း အိုမီဂါ (၆) ကိုမထုတ်လုပ်နိုင်တဲ့အတွက် အစားအစာနဲ့ အခြားအာဟာရဖြည့်စွက်စာများ (ဥပမာ-Ensure) ကနေ ရရှိနိုင်ပါတယ်။ Fatty acid တွေကို လုံလောက်စွာ မရရှိကြတာများပါတယ်။ Fatty acid တွေရဲ့ အရေးပါမှုက ကလေးများအတွက်ပင် မဟုတ်ဘဲ အမှီအခိုကင်းစွာနေထိုင်လိုတဲ့ လူကြီးများအတွက်လည်း အရေးကြီးပါတယ်။2, 7

 

အရိုးအဆစ်များကိုသန်မာစေခြင်း

လိုအပ်သော fatty acid များ၊ အထူးသဖြင့် အိုမီဂါ (၆) လုံလောက်စွာမရရှိသောသူများမှာ အရိုးဆုံးရှုံးနိုင်ချေ ပိုများတတ်ပါတယ်။ အရိုးများကြွပ်ဆတ်နေပြီး အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းထက် ပျက်စီးခြင်းပိုမြန်ဆန်လာတဲ့ အသက် (၆၅) နှစ်အရွယ်ရှိသူများတွင်  အိုမီဂါ (၆) ကိုလုံလောက်စွာရရှိရန် အလွန်အရေးကြီးပါတယ်။ အိုမီဂါ (၆) ဟာ တစ်သျှူများ၏ ကျုံ့ နိုင်ဆန့် နိုင်မှု စွမ်းရည်ကို ထိန်းသိမ်းပေးကာ အရိုး (bone material) ထုတ်လုပ်ခြင်းကိုလှုံ့ဆော်ပေးပြီး ဆဲလ်များကို ခံနိုင်ရည်ရှိအောင် ထိန်းသိမ်းပေးပါတယ်။ အိုမီဂါ (၆) ဟာ ရောင်ရမ်းမှုအချို့ကိုလည်းလျှော့ချပေးတဲ့အတွက် အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဆစ်များနာကျင်ရောင်ရမ်းခြင်း နှင့် နံနက်အိပ်ရာနိုးချိန်တွင် အဆစ်များတောင့်တင်းခြင်း တို့ကို လျော့နည်းစေပါတယ်။  2, 3

ကျန်းမာသော ဦးနှောက်အတွက်

စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အိုမီဂါ (၃) နဲ့ အိုမီဂါ (၆) တို့ မျှတစွာရရှိဖို့ အဓိက လိုအပ်ပါတယ်။ နှစ်ခုစလုံးဟာ အသက်ကြီးလာတဲ့အချိန်မှာ လှုပ်ရှားနိုင်မှုကောင်းနေဖို့၊ ဦးနှောက်လုပ်ဆောင်မှုနဲ့ မှတ်ဉာဏ်ကောင်းမွန်စေဖို့အတွက် အတူတကွ လုပ်ဆောင်ပေးပါတယ်။ ဒီအချက်ကိုသိထားဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူကြီးအများစုဟာ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများမရှိသော်လည်း အသက်အရွယ်ကြောင့်ဦးနှောက်လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာတဲ့အခါ မှတ်ဉာဏ်ပျောက်ဆုံးမှုတွေ ဖြစ်နိုင်တာကြောင့်ပါ။ နောက်တစ်ချက်အနေနဲ့ လှုပ်ရှားနိုင်မှုဆုံးရှုံးခြင်း နဲ့ အထီးကျန်မှုတွေကြောင့် စိတ်ဓာတ်ကျခြင်းလည်း လူကြီးတွေမှာဖြစ်နိုင်တဲ့အတွက် အိုမီဂါ (၃) နဲ့ (၆) တို့ ကြွယ်ဝစွာပါဝင်တဲ့ စားသုံးမှုပုံစံဟာ အာရုံကြောစနစ်အတွင်းရှိ ဓာတုပစ္စည်းများကို မျှတအောင် ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။4, 5

အကောင်းဆုံးအရင်းမြစ်များ

အိုမီဂါ (၆) (လီနိုလစ် အက်ဆစ်) ဟာ မရှိမဖြစ်လိုအပ်သော Fatty Acid တစ်မျိုးဖြစ်ပြီး အစားအသောက်မှရရှိဖို့ လိုအပ်ပြီး ဟင်းသီးဟင်းရွက်ဆီ (ဥပမာ နေကြာ၊ ပဲ၊ နှမ်း)၊ စားသုံးနိုင်သောအစေ့များ (ဥပမာ – Almond)၊ ပဲအမျိုးမျိုး (တို့ဟူး)၊ အစေ့အဆံများနှင့် ဥများမှရရှိနိုင်ပါတယ်။2, 6

နေ့စဉ်စားသုံးမှုပုံစံများမှ အိုမီဂါ Fatty Acid များကို လုံလောက်စွာရရှိနိုင်ပေမယ့် အသက်အရွယ်အရ အစားစားချင်စိတ် လျော့နည်းလာသော လူကြီးများအနေနဲ့တော့ ဖြည့်စွက်စာများ သုံးစွဲရန်လိုအပ်ပါတယ်။ ဖြည့်စွက်စာအနေနဲ့ လူကြီးများအတွက်သိပ္ပံနည်းကျထုတ်လုပ်ထားသော Ensure Gold မှာ မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ် (၂၈) မျိုးပါဝင်ပြီး (ကိုယ်ခံစွမ်းအား တိုးတက်စေသော အာဟာရ (၁၂) မျိုး^အပါအဝင်) အိုမီဂါ (၃) နှင့် (၆) Fatty Acid များလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကြွက်သားဆုံးရှုံးခြင်း# ကို တွန်းလှန်နိုင်ဖို့အတွက် အရည်အသွေးမြင့် ပရိုတင်းနှင့် HMB (hydroxymethylbutayate – အမိုင်နိုအက်ဆစ် လူဆင်းကို ချေဖျက်ရာမှ ထွက်ပေါ်လာသောဓာတ်)တို့ ကို လည်းထည့်သွင်းထုတ်လုပ်ပေးထားသော Ensure Gold ဟာ အမေရိကန်နိုင်ငံမှ ဆရာဝန်များထောက်ခံမှုအများဆုံး နံပါတ် (၁) ဖြည့်စွက်စာ*ဖြစ်ပြီး အလုံးစုံပါဝင်သော ပြည့်ဝမျှတသော အာဟာရဖြည့်စွက်စာ ဖြစ်ပါတယ်။ ကြွက်သားသန်မာမှု၊ ခွန်အားနဲ့ လှုပ်ရှားမှုများ ကောင်းမွန်စေဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

အမှီအခိုကင်းစွာနေထိုင်လိုသော လူကြီးများအတွက် Fatty Acid များဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ သာမန်စားသုံးမှုပုံစံများမှ အိုမီဂါ (၆) ကိုရရှိနိုင်သော်လည်း၊ အစားအသောက်စားသုံးခြင်းမှ လုံလောက်စွာမရရှိတဲ့အခါမှာ Ensure Gold က ကူညီပေးနိုင်ပါလိမ့်မယ်။ နို့အရသာမကြိုက်သူတွေအတွက် Ensure Gold အပင်အခြေခံပရိုတင်း ကိုသုံးစွဲနိုင်ပါတယ်။ ပဲပိစပ်၊ ဆန်၊ ကီနိုဝါ (Quinoa) တို့လို အပင်အရင်းမြစ်များမှ ထုတ်လုပ်ထားပြီး Ensure Gold နဲ့တူညီတဲ့ ကောင်းကျိုးများပေးစွမ်းနိုင်မယ့် ဖြည့်စွက်စာဖြစ်ပါတယ်။ Ensure Gold နဲ့ Ensure Gold အပင်အခြေခံပရိုတင်း တို့ကို ပုံမှန်မသောက်သုံးခင်မှာ စမ်းသုံးကြည့်ချင်တယ်ဆိုရင်  Ensure Myanmar မှာ စာရင်းပေးသွင်းပြီး နမူနာများရယူနိုင်ပါတယ်။1, 7

References:

  1. https://www.medicalnewstoday.com/articles/321266
  2. http://ahsdemo.adam.com/content.aspx?productid=107&pid=33&gid=000317
  3. https://www.homecareassistanceoshkosh.com/omega-fatty-acids-for-seniors/
  4. https://www.wellbeingsg.com/title-01-5/
  5. https://www.sciencedaily.com/releases/2017/05/170518140235.htm#:~:text=Two%20new%20studies%20link%20patterns,healthy%20aging%2C%20the%20researchers%20said.
  6. https://www.healthline.com/nutrition/omega-6-foods#The-bottom-line
  7. https://www.ensuremyanmar.com/eng/ensure-powder/

#    Wu – 2015

^    Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc and iron, that help support the normal function of the immune system.

*     IQVIA, using the ProVoice Survey, fielded 14,459 physicians from January 1, 2021 to December 31, 2021.

~    Ensure provides all-in-one nutrition and contains nutrients and ingredients to support muscle, bone, heart, immune and digestive tract health.

Additional Readings:

  1. https://www.ensuremyanmar.com/ensure-careline/