အသက်အရွယ်ကြီးလာတာနဲ့ အမျှ ကြွက်သားလျော့ရဲလာရခြင်းကို ဘာလို့ ဂရုစိုက်ရမည့် အကြောင်းအရင်း (၈)ချက်
![]() |
အသက်အရွယ်ကြီးလာတာနဲ့ အမျှ ကြွက်သားလျော့ရဲလာရခြင်းကို ဘာလို့ ဂရုစိုက်ရမည့် အကြောင်းအရင်း (၈)ချက်
အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုဆိုပေမယ့် တစ်ခါတစ်လေကျ ကိုယ့်ကိုယ်ကို ပိုပြီး အိုမင်းလာတယ်လို့ ခံစားလာရတတ်တယ်မဟုတ်လား။ ကိုယ့်ရဲ့နေထိုင်မှုပုံစံပေါ်မူတည်ပြီး ကြွက်သားတွေဟာ ကိုယ့်အသက်ထက်တောင်ပိုပြီး အိုမင်းရင့်လျော်နေနိုင်ပါတယ်။ နှလုံးခုန်တာကစပြီး၊ အစာခြေတာကနေ ထီးတစ်ချောင်းကို ဖွင့်လိုက်တာအထိ အရာအားလုံးဟာ ကြွက်သားတွေနဲ့ လုပ်ဆောင်ရတာဖြစ်တာကြောင့် မိမိကိုယ်ရှိ ကြွက်သားများကို အကောင်းဆုံး ထိန်းသိမ်းဖို့လည်းလိုအပ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဘာကြောင့် ကြွက်သားတွေကို ထိန်းသိမ်းဖို့လိုအပ်လည်းဆိုတာကို အသေးစိတ် ထပ်မံကြည့်ရှုလိုက်ကြရအောင်။
ကြွက်သားတွေကို မဖြစ်မနေထိန်းသိမ်းသင့်တဲ့ အချက် (၈) ချက်
သဘာဝအရ အသက်အရွယ်ကြီးရင့်လာတာနဲ့အတူ ဘဝတစ်လျှောက်မှာ သူငယ်ချင်းတွေ၊ ကလေးငယ်တွေ၊ ကမ္ဘာကြီးရဲ့ပြောင်းလဲမှုတွေအပြင် ကိုယ်လုပ်ကိုင်ကြိုးစားခဲ့သမျှရဲ့ ရလဒ်တွေကို တွေ့ကြုံခံစားရမှာပဲဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင်လာတာနဲ့အမျှ ကြွက်သားလျော့ရဲလာတာဟာ ပုံမှန်ပါပဲ။ ဒါပေမယ့် “sarcopenia” လို့ခေါ်တဲ့ ကြွက်သားဆုံးရှုံးမှုပြဿနာတော့ မပါဝင်ပါဘူး။
လူတစ်ယောက်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကြွက်သားလျော့ရဲလာစေမယ့် အကြောင်းအရာများကတော့
- Potential Injuries (ဒဏ်ရာရနိုင်ခြေပိုများခြင်း)
အားနည်းတဲ့ကြွက်သားများဟာ ခန္ဓာကိုယ်ရဲ့အစွန်အဖျားများကို ထိန်းချုပ်နိုင်စွမ်းနည်းတာကြောင့် ခန္ဓာကိုယ်ချိန်ခွင်လျှာညီမျှမှုအတွက် အားနည်းစေပါတယ်။ ကြွက်သားဆုံးရှုံးမှုနှင့်အတူအားနည်းသောဆဲလ်တုံ့ပြန်မှုများကြောင့် ပြုတ်ကျချော်လဲခြင်းမှရရှိတဲ့ဒဏ်ရာအနာတရများဟာ ပုံမှန်ထက်ရှည်ကြာလေ့ရှိပါတယ်။ - Mobility (လှုပ်ရှားနိုင်စွမ်း)
ခန္ဓာကိုယ်အစွန်အဖျားများကိုထိန်းချုပ်နိုင်မှုအားနည်းခြင်းဟာ ခန္ဓာကိုယ်လှုပ်ရှားဆောင်ရွက်နိုင်စွမ်းတွေမှာ ထိခိုက်မှုဖြစ်စေပါတယ်။ ဒီလိုခန္ဓာကိုယ်အလွယ်တကူလှုပ်ရှားနိုင်စွမ်းမရှိခြင်းဟာ အသက်အရွယ်ကြီးသူများအတွက် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ပျောက်ဆုံးစေမယ့်အပြင် စိတ်ကျန်းမာရေးအခြေအနေကိုပါထိခိုက်လာနိုင်မှာဖြစ်ပါတယ်။ - Weight (ကိုယ်အလေးချိန်)
ကိုယ်အလေးချိန်များလွန်းခြင်း – အဝလွန်တဲ့ လူကြီးတွေမှာ များသောအားဖြင့် ဗိုက်နားတစ်ဝိုက်မှာ အဆီပိုတွေ ရှိနေတတ်တာဟာ ပုံမှန်ကြွက်သားလှုပ်ရှားမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဝလွန်ခြင်းနဲ့ အသက်အရွယ်အရ ကြွက်သားလျော့ရဲလာတာနဲ့ ပေါင်းသွားတဲ့အခါ ကျန်းမာရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာပါတော့တယ်။
ကိုယ်အလေးချိန်နည်းလွန်းခြင်း – အသက်အရွယ်အရ ကြွက်သားလျော့ရဲလာခြင်းဟာ ကိုယ်အလေးချိန်ကိုလည်း မမျှော်လင့်ဘဲ လျော့ကျစေပါတယ်။ ကြွက်သားသန်မာမှုဟာ ခန္ဓာကိုယ်အချိုးအစားနဲ့ တိုက်ရိုက်သက်ဆိုင်တာကြောင့် အသက်အရွယ်ရလာတာနဲ့ ဝိတ်ကျလာတဲ့သူတွေဟာ အစားအသောက်ပုံစံပြောင်းတာ သို့မဟုတ် လေ့ကျင့်ခန်းပြုလုပ်တာမျိုးလုပ်ပေးသင့်ပါတယ်။ - Heart (နှလုံး)
လူသားတွေရဲ့နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလုပ်အလုပ်ရဆုံး ကြွက်သားတစ်ခုပါပဲ။ ကြွက်သားလျော့ရဲလာတဲ့အခါမှာ နှလုံးရဲ့လုပ်ဆောင်ချက်တွေ၊ သွေးလည်ပတ်မှုတွေအပေါ် သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ - Insulin Resistance (အင်ဆူလင် ခံနိုင်ရည်ရှိမှု)
ကြွက်သားတွေဟာအလုပ်လုပ်ဖို့ သွေးတွင်းကသကြားဓာတ်ကို အသုံးပြုပါတယ်။ ကြွက်သားတွေ လျော့ရဲလာပြီး သွေးတွင်းသကြားဓာတ်အသုံးပြုမှုနည်းလာသည်နှင့်အမျှ စိတ်ဖိစီးမှုများလာခြင်းများဖြစ်လာနိုင်တာကြောင့် ဆီးချိုကဲ့သို့ရောဂါများဖြစ်ပွားလာနိုင်ပြီး ကြွက်သားလျော့ရဲမှုကို ပိုဖြစ်စေပါတယ်။ - Assisted Care Difficulties (ကြွက်သားများပြန်လည်ပြုပြင်နိုင်စွမ်း)
အသက်အရွယ်ရလာသည်နှင့်အမျှ ကြွက်သားများ အားနည်းလာပြီး ထိခိုက်မှုရှိခဲ့ပါက ပိုမိုနာကျင်စေနိုင်ပြီး ပျောက်ကင်းဖို့လည်း အချိန်ကြာမြင့်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲဆိုရင် အသက်ကြီးလာတာနဲ့အမျှ ထိခိုက်မှုဖြစ်နိုင်ခြေ ပိုများသလို ကြွက်သားတွေ ပြန်လည်ဖွံ့ဖြိုးအောင် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ ပိုမိုလိုအပ်လာတာကြောင့်ပါ။ - Breathing (အသက်ရှုလမ်းကြောင်းဆိုင်ရာ)
အသက်ရှုလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေဟာလည်း အသက်ကြီးလာတာနဲ့အမျှ အားနည်းလာတတ်ပါတယ်။ သင် သို့မဟုတ် သင့်ထက်အသက်ကြီးသူတစ်ဦးဦးမှာ အသက်ရှုလမ်းကြောင်းဆိုရာ ပြဿနာဖြစ်လာခဲ့ပါက ဘေးထွက်ဆိုးကျိုးအနေနဲ့ ကြွက်သားလျော့ရဲလာတာကိုပါ ခံစားရမှာပဲ ဖြစ်ပါတယ်။ - Quality of life (ဘဝနေထိုင်မှု)
လူငယ်လူရွယ်များတွင်တောင်မှ အဆီထက် ကြွက်သားပိုမိုသန်မာတောင့်တင်းသူများဟာ ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုပုံစံရှိတယ်လို့ ယူဆကြပါတယ်။ ကိုယ့်ရဲ့ ကြွက်သားသန်မာမှုနဲ့ အဆီတို့ရဲ့ အချိုးကို ကျွမ်းကျင်သူများနဲ့ လေ့လာ ဆုံးဖြတ်ပြီး ကိုယ်လက်လှုပ်ရှားမှု ပိုမိုရရှိအောင်ပြုလုပ်နိုင်ပါတယ်။ လှုပ်ရှားမှုနည်းသူတစ်ဦးဆိုပါက ကျန်းမာတဲ့စားသောက်ပုံစံနဲ့ အဆီလျှော့ချနိုင်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို ဂရုစိုက်ဖို့ အမြဲတမ်းစောလွန်းတယ်ဆိုတာ မရှိပါဘူး။ ကြွက်သားတွေကို ဂရုစိုက်ဖို့အတွက် ကျန်းမာစွာစားသောက်နေထိုင်ခြင်း၊ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေနဲ့ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ပါတယ်။ အစားအသောက်အတွက် ပြင်ဆင်ဖို့အခက်အခဲရှိခဲ့မယ်ဆိုရင်တော့ Ensure Gold ကဲ့သို့ အာဟာရဖြည့်စွက်စာရဲ့အကူအညီကို ရယူလိုက်ပါ။ အစားအစာများတွင်မဖြည့်ဆည်းနိုင်သော ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုး၊ HMB (မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်စစ်တစ်မျိုး၊ ကြွက်သားကျန်းမာရေးအတွက် ပရိုတင်းဓါတ်တမျိုး)ဖြင့်ဖော်စပ်ထားပါသည်။
References:
- https://www.nutritionnews.abbott/healthy-living/aging-well/losing-muscle-8-ways-it-may-impact-your-health/
- https://ensure.com/blog/expert-advice/protect-your-muscles-why-preserving-muscle-matters
- https://abbottnutrition.com.my/products/ensure-gold