သက်ကြီးရွယ်အိုများ၏ ကိုယ်ခံအားစနစ်ကိုထောက်ပံ့ရန် အဓိကကျသောအာဟာရ မျိုး

အာဟာရသည် ကျန်းမာရေး ကောင်းမွန်မှု၏သော့ချက်ဖြစ်သည်။ သို့သော် အာဟာရဆိုသည်မှာ အဘယ်နည်း။ အာဟာရသည် သိပ္ပံနည်းကျ ရှင်းပြချက်အရ ခန္ဓာကိုယ်အတွင်းရှိ ဇီဝကမ္မဆိုင်ရာနှင့် ဇီဝဓာတုဖြစ်စဉ်များဖြစ်သည်ဟု ဆိုထားသည်။ ၎င်းတွင် အစားအစာများနှင့် အခြားအာဟာရများပါဝင်ပြီး သင့်ခန္ဓာကိုယ်၌ လိုအပ်သော စွမ်းအင်များကို ပေးစွမ်းပြီး အချို့သည် ခန္ဓာကိုယ်အတွက် တစ်သျှူးများအဖြစ် ပြောင်းလဲသွားသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများသည် အာဟာရချို့တဲ့စွာစားသုံးနေလျှင် သူတို့၏ ဘဝအရည်အသွေးသည် ကောင်းမွန်သင့်သလောက် ကောင်းမွန်နိုင်မည်မဟုတ်ဘဲ ကိုယ်ခံအားစနစ် ချွတ်ယွင်းခြင်း အခြေအနေများဖြစ်လာနိုင်ပါသည်။ အာဟာရအားလုံးကို စာရင်းပြုစုမည်ဆိုပါက များစွာကျယ်ပြန့်နိုင်ပါသည်။ သို့သော် သက်ကြီးရွယ်အိုများအတွက် သူတို့၏ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေပြီး ကျန်းမာရေးကိုအထောက်အကူပြုစေနိုင်သည့် လိုအပ်သည့် အာဟာရ ၇ ချက်ကို ဖော်ပြထားပါသည်။

ပရိုတင်း

မြန်မာ့ယဉ်ကျေးမှုတွင် အဘွား သို့မဟုတ် အမေတို့က ရောဂါပိုးမွှားများအန္တရာယ်မှ ခုခံကာကွယ်နိုင်ရန်နှင့် ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုး၍ ကျန်းမာသန်စွမ်းကြံ့ခိုင်စေရန် အသားများများစားရန် ပြောကြားခြင်းကို ကြားဖူးမှာပါ။  ၎င်းသည် နည်းပညာအရ မှန်ကန်သည်။ အဘယ်ကြောင့်ဆိုသော် ပရိုတင်းသည် ကိုယ်ခံစွမ်းအားစနစ်နှင့် ပဋိဇီဝပစ္စည်းများကို တည်ဆောက်ရာတွင် လိုအပ်သည်။ ပင်လယ်အစားအစာ၊ အဆီနည်းသော အသား၊ ကြက်သားထုတ်ကုန်များ၊ ပဲ၊ အခွံမာသီး နှင့်အမျိုးမျိုးသော အာဟာရအစေ့အစံများကဲ့သို့သော ပရိုတင်းကြွယ်ဝစွာ ပါဝင်သော အစားစာများသည် သက်ကြီးရွယ်အိုများ၏ ကိုယ်ခံစွမ်းအားစနစ်ကို ကူညီပေးနိုင်သည်။ ပရိုတင်းဓာတ်သည် သက်ကြီးရွယ်အိုများ၏ ဒဏ်ရာများကိုကုသပေးပြီး ပြင်းထန်သောရောဂါများမှ ပြန်လည်နလန်ထူလာစေရန် ကူညီပေးသည်။

ဗီတာမင်Aဗီတာမင်Cဗီတာမင်E

ထမင်းနှင့် ဟင်းသီးဟင်းရွက်များကို စားပါ။ ၎င်းတို့သည် သင့်အားဗိုက်ပြည့်စေပြီး ဖျားနာမှုနည်းပါးစေ၍ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေလိမ့်မည်။ ဗီတာမင်A၊ Cနှင့်Eတို့သည် ကိုယ်ခံစွမ်းအားစနစ်ကို ထိန်းညှိပေး၍ ကူးစက်ရောဂါများမှကာကွယ်ရန် ပဋိဇီဝပစ္စည်းများဖွဲ့စည်းခြင်းကို လှုံ့ဆော်ပေးပြီး antioxidant အဖြစ်အလုပ် လုပ်ကိုင်သည်။ အကယ်၍ သက်ကြီးပိုင်းတစ်ဦး၏ အစားအစာတွင်ဗီတာမင်A ပါ၀င်ပါက သူတို့၏ ပါးစပ်မှ အသက်ရှူလမ်းကြောင်းဆိုင်ရာ တစ်သျှူးများသည် ကျန်းမာသန်စွမ်းနေလိမ့်မည်။ အကြောင်းမှာ ကူးစက်ရောဂါအများစုသည် အူနှင့်အရေပြားမှတဆင့် ကူးစက်သောကြောင့်ဖြစ်သည်။ အဆိုပါ ဗီတာမင် ၃ မျိုးလုံးတွက် ဟင်းသီးဟင်းရွက်များ၊ ကန်စွန်းဥများ၊ cereals၊ ရှောက်အနွယ်ဝင်အသီးများ၊ ခရမ်းချဉ်သီးများနှင့် ဗာဒံစေ့များကို ဟင်းသီးဟင်းရွက်ဆီဖြင့်ချက်ပါ။

ဇင့်

ဇင့်ချို့တဲ့သည့် သက်ကြီးရွယ်အိုများသည် အညစ်အကြေးစွန့်ရန်အတွက် လိုအပ်သော အစိတ်အပိုင်းများ ယောင်ယမ်းမှုကြောင့် ဝမ်းမကောင်းကြသည်ကို တွေ့ရသည်။ သင်၏ခန္ဓာကိုယ်သည် ဇီဝဖြစ်ပျက်မှုများ ဖြစ်စေရန်အတွက် ဇင့်လိုအပ်ပြီး သင်၏ကိုယ်ခံအားစနစ် နှင့် ကိုယ်ခံအားဆဲလ်သစ်များ စုပေါင်းညှိနှိုင်းပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် ပံ့ပိုးပေးသည်။ ဒဏ်ရာများပြန်လည်ကုသနိုင်ပြီး သက်ကြီးရွယ်အိုများ၏ အရသာနှင့် အနံ့ခံနိုင်စွမ်းကို ကောင်းမွန်စေနိုင်သည်။

Electrolytes များနှင့်အခြားအဓိကအာဟာရများ

Electrolytes သည် ကျန်းမာရေးနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ မြန်မာအစားအစာယဉ်ကျေးမှုအများစုတွင် ဖော်ပြထားသော အာဟာရ အသုံးအနှုန်းဖြစ်သည်။ ဆား၊ ပိုတက်စီယမ်နှင့် အစားအစာအဆင့် ကလိုရိုက်များမှတဆင့် Electrolytesများကို အမြဲတမ်းသုံးစွဲနေသည်။ အရည်များများသောက်ခြင်းသည် အထူးသဖြင့် သင်နေမကောင်းဖြစ်သည့်အခါ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးသည်။ ရေဓာတ်ခန်းခြောက်နေသော သက်ကြီးရွယ်အိုများသည် လည်ချောင်းနာခြင်းနှင့် ပါးစပ်တို့တွင် နာကျင်ကိုက်ခဲမှုများကို ခံစားရသည်။ အချို့သက်ကြီးပိုင်းများသည် ရေဓာတ်ခမ်းခြောက်ခြင်းများ ဖြစ်လာသည့်အခါ မျိုချသည့်အပိုင်းတွင်အခက်အခဲရှိနိုင်သည်။ ထို့ကြောင့်အကယ်၍ သင်သည် သက်ကြီးပိုင်းတစ်ဦးအား စောင့်ရှောက်နေလျှင် ဤလက္ခဏာများကိုဂရုပြုပါ။

ဗီတာမင် D

နေရောင်ခြည်သည် အထူးသဖြင့် လူသားများအတွက်လူသိများသော သက်ရှိရင်းမြစ်တစ်ခု ဖြစ်သည်။ နေရောင်ခြည်သည် သင့်ခန္ဓာကိုယ်အတွက် ကိုလက်စထရောမှတစ်ဆင့် ဗီတာမင် Dကို ထုတ်လုပ်ရန် ကူညီပေးသည်။ ထို့အပြင်ဗီတာမင်D ချို့တဲ့သော သက်ကြီးရွယ်အိုများသည် စိတ်ရှုပ်ထွေးသော အိပ်စက်ခြင်းနှင့်အတူ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများ ရှိနေကြောင်းတွေ့ရှိရသည်။ Osteoporosis သည် အရိုးကြွပ်သော အခြေအနေတစ်မျိုးဖြစ်ပြီး ဗီတာမင် D ချို့တဲ့ခြင်းကြောင့်ဖြစ်ကာ ချော်လဲခြင်းနှင့် အခြားအန္တရာယ်များကိုပါ ဖြစ်စေနိုင်သည်။ ဗီတာမင်Dသည် ကိုယ်ခံစွမ်းအားဆဲလ်များကို စီမံခန့်ခွဲနိုင်စွမ်းရှိပြီး ကိုယ်ခံအားလျော့နည်းစေသော အဓိကကျသော ရောဂါများမဖြစ်ပေါ်စေရန်တားဆီးပေးသည်။

Ensureမှမည်သို့အကူအညီရနိုင်မလဲ။

အရွယ်ရောက်စလူငယ်များအနေဖြင့် ကျွန်ုပ်တို့သည် လိုအပ်သောအာဟာရကို အမြဲတမ်း ရရှိလေ့မရှိတော့ပါ၊ သက်ကြီးရွယ်အိုများအနေဖြင့် လိုအပ်သောအာဟာရကို ရရှိရန်မှာ ပို၍ ခက်ခဲနိုင်သည်။ အစားအစာတစ်ခုတည်း စားခြင်းက သက်ကြီးပိုင်းတစ်ဦးတွင် သူကိုယ်တိုင် လိုအပ်သောအာဟာရချို့တဲ့နေသည်ကို တွေ့ရလိမ့်မည်။ ထိုသို့ လိုအပ်သောအာဟာရများကို Ensure ထုတ်ကုန် အမျိုးမျိုးမှ ရရှိနိုင်သည်။ သိပ္ပံနည်းကျနည်းစနစ်များနှင့် စမ်းသပ်မှုများစွာမှအရ Ensure သည် ပရိုတင်း၊ ဗီတာမင်အေ၊ antioxidants၊ ဇင့် နှင့် ဗီတာမင် D ကဲ့သို့သော အဓိကအာဟာရများကို ရရှိနိုင်သည်။ သက်ကြီးပိုင်းတစ်ဦးအနေဖြင့် မျှတ၍ အာဟာရပြည့်ဝသောအစားအစာစားခြင်း၊ ရေဓာတ်ကောင်းစွာပြည့်ဝခြင်းနှင့် ကိုယ်ခံအားစနစ်ကောင်းမွန်ရန် ကောင်းစွာအနားယူခြင်းများသည် ကိုယ်ခံစွမ်းအားကောင်းမွန်စေသည့် အဓိကသော့ချက်ဖြစ်သည်။

Reference(s): 

  1. https://www.nutritionnews.abbott/healthy-living/diet-wellness/how-nutrition-supports-your-immune-system/
  2. https://www.ncbi.nlm.nih.gov/pmc/articles/PMC3693724/#:~:text=There%20is%20evidence%20that%20dietary,eicosapentaenoic%20acid%20and%20docosahexaenoic%20acid.
  3. https://www.aplaceformom.com/caregiver-resources/articles/vitamin-d-deficiency
  4. https://www.eatright.org/health/wellness/preventing-illness/support-your-health-with-nutrition