

တက်ကြွ ဖြတ်လတ်သည့် လူနေမှုပုံစံအတွက် လေ့ကျင့်ခန်း (၇) မျိုး
လိုက်လံကျင့်သုံးဖို့ လွယ်ကူသော ဗီဒီယို နည်းလမ်းများကို ဘာသာစကား ၄ မျိုးနှင့် ကြည့်ရှုပြီး ဘယ်နေရာတွင်မဆို လေ့ကျင့်နိုင်ပြီဖြစ်သည်။
မိမိကိုယ်ကို ကျန်းမာပြီး ဖြတ်လတ်အောင် လေ့ကျင့်ရာတွင် အသက်သည် ပဓာနမဟုတ်ပါ။ တစ်ပတ်လျှင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ၁၅၀ မိနစ် လွယ်လွယ်ကူကူ လုပ်နိုင်သည်။ ထပ်လောင်းပြောရလျှင် အသက် ၅၀ နှင့် အထက် လူကြီးများသည် တစ်ပတ်လျှင် ၂ ကြိမ် ကိုယ်ကာယနှင့် ဟန်ချက်ထိန်း အားကစား လုပ်သင့်သည်။
အောက်ပါ လေ့ကျင့်ခန်းများသည် ကျန်းမာရေးကို အထောက်အကူ ပြုစေမည့် လေ့ကျင့်ခန်းများ ဖြစ်သည်။
-
ကြွက်သား ခွန်အားကို တိုးစေရန်နှင့် ထိန်းထားရန်
-
ကိုယ်နေဟန်ချက် ကောင်းမွန်ရန်၊ ဟန်ချက်ညီညီ ထိန်းနိုင်ရန် နှင့် လှုပ်ရှားမှု ကောင်းမွန်စေရန်
-
ယုံကြည်မှုရှိရှိနှင့် လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်စေရန်
-
ချော်လဲမှုကို လျှော့ချပေးရန်
-
ကိုယ်စိတ်နှလုံး ချမ်းမြေ့စေရန်
လေ့ကျင့်ခန်း လုပ်ရန်အတွက် နောက်ကျသည်ဟူ၍ မရှိပါ။ ဖြည်းဖြည်းနှင့် မှန်မှန် ပြုလုပ်သွားလျှင် တိုးတက်လာပြီး ခံစားရ ကောင်းမွန်လာမည် ဖြစ်သည်။ အောက်ပါ လွယ်ကူသော လေ့ကျင့်ခန်း ၇ ခုကို တစ်ပတ် ၂ ကြိမ် အနည်းဆုံး ပြုလုပ်ပြီး သင်၏ ကျန်းမာရေးကို တိုးတက်စေနိုင်သည်။
၁။ အလေးမ ရှေ့တိုး ထိုင်ထ
၂။ ထိုင်ထ
၃။ တင်ဆန့် မတ်တပ်ရပ် လေ့ကျင့်ခန်း
၄။ ခြေဘေးခွဲ လေ့ကျင့်ခန်း
၅။ ခြေတစ်ပေါင်ကျိုး လေ့ကျင့်ခန်း
၆။ လက်မောင်းဘေးသား ဆန့်တင်းခြင်း
၇။ ပေါင်ကြွက်သား မတ်တပ်ရပ် ဆန့်တင်းခြင်း
နေ့စဉ် ခွန်အားအတွက်
အခြား နို့မှုန့်များနှင့် မတူသည့် Ensure သည် တစ်ခုတည်းနှင့် ပြီးပြည့်စုံသော အာဟာရဖြစ်
ဖြည့်စွက်စာဖြစ်ပြီး ကြွက်သားတိုးစေသည့် အရည်အသွေးမြင့် ပရိုတင်းနှင့် HMB ပါဝင်သည်။

Your consent is required to display this content from youtube - Privacy Settings
