

သင်သိထားသင့်သည့်အချက် (၅) ချက်
ကြွက်သားရှိခြင်းသည် ခွန်အားသန်မာခြင်းနှင့်အတူ သင်၏အပြင်ပုံစံကိုပါကြည့်ကောင်းစေသည်။ ကြွက်သားများသည် သင်၏ခန္ဓာကိုယ် လှုပ်ရှားမှု၊ ဟန်ချက်ညီမှုနှင့် ကိုယ်ဟန်အနေအထားသာမက သင့်ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာတည်ဆောင်မှုတို့တွင်ပါဝင်ပါသည်။ သင့်အသက်အရွယ်ကြီးလာသည်နှင့်အမျှ သင်၏ကြွက်သားများကိုထိန်းသိမ်းရန် ပို၍ခက်ခဲနိုင်သည်။ မည်သည့်အသက်အရွယ်ပင်ဖြစ်စေ ကြွက်သားများအားကောင်းနိုင်ကြောင်းသိပ္ပံပညာမှာ ဖော်ပြ ထားသည်။
သင်၏အသက် ၄၀၊ ၅၀၊ ၆၀ နှင့်အထက်ရှိပြီဆိုလျှင် သင်၏ကြွက်သားတွေအကြောင်းသိသင့်သည့် အချက် (၅) ချက်ရှိပါသည်။
၅၀ ကျော်အသက်ကလည်း သန်မာပါတယ်!
အသက်ကြီးလာတာနဲ့အမျှ ကြွက်သားထိန်းသိမ်းမှုနဲ့ ပတ်သတ်ပြီး သိကောင်းစရာများ
သတင်းကောင်းက ကြွက်သားဆုံးရှုံးခြင်းကို ပြန်ပြောင်းနိုင်ပါတယ်။
-
အသက်ကြီးလာတာနဲ့ အမျှ ကြွက်သားဆုံးရှုံးရတာဟာ တကယ့်ပြဿနာတစ်ခုပါ။ အသက် ၄၀ ကျော်လာတဲ့အခါမှာ ဆယ်စုနှစ်တစ်ခုကို ကြွက်သား ၈% ဆုံးရှုံးရနိုင်ပါတယ်။ တကယ်တမ်းတွက်ကြည့်ရင် အသက် ၇၀ အရွယ်မှာ ၂၅% သော ကြွက်သားတွေကို ဆုံးရှုံးရနိုင်ပါတယ်။
-
ကြွက်သားထိန်းသိမ်းခြင်းတွင် ခွန်အားထက်သာလွန်သည့် အရာများ ရှိသေးသည်။ ကြွက်သားများသည် လှုပ်ရှားမှုအတွက် အဓိကကျပြီး ဟန်ချက်ထိန်းမှု၊ ကိုယ်နေဟန်ထားနှင့် ဇီဝရုပ်ဖြစ်ပျက်ခြင်းအတွက် အရေးပါသည်။ မိမိ ဘယ်လောက် ပင်ပန်းသလဲ၊ တက်ကြွသလဲဆိုသည်နှင့် ခန္ဓာကိုယ်၏ အောက်ဆီဂျင် အသုံးချမှုအပေါ်တွင်လည်း အကျိုးသက်ရောက်သည်။ သင်တွေးတာထက်ပိုသည်က နှလုံးသည် ကြွက်သားဖြစ်ပြီး သန်မာသော သွေးလှည့်ပတ်မှု ဖြစ်စဉ်အတွက် ကြွက်သားထုက အရေးကြီးသည်။ ထို့ကြောင့် ကြွက်သားများ၏ ကျန်းမာရေးကို အလေးထားသည့်ခြင်းဖြစ်ပြီး အရိုး၏ ကျန်းမာရေးသည်လည်း ထို့နည်း၎င်းဖြစ်သည်။
