လူကြီးတွေမှာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းမှု (၄)ချက်

သင့်ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို အမြဲစောင့်ကြည့်ခြင်းဟာ ကောင်းတဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများကို စားသုံးခြင်းနဲ့ အသက်အရွယ်နဲ့သင့်တော်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေကိုပြုလုပ်ပါက ခန္ဓာကိုယ်တွင်ဖြစ်လေ့ရှိတဲ့ နာကျင်ကိုက်ခဲမှုများလျော့နည်းလာပါလိမ့်မယ်။ သင့်သန်စွမ်းမှုကိုတိုးတက်စေမယ့် ညွှန်ကြားချက်များကို လေ့လာကြည့်ကြပါစို့။

၁။ လှုပ်ရှားသွားလာရ လွယ်ကူလာခြင်း။

သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ပုံမှန် လေ့ကျင့်သွားမယ်ဆိုပါက ကောင်းသောရလဒ်များ သေချာပေါက်ရမှာဖြစ်ပါတယ်။ သန်စွမ်းမှုကိုတိုးတက်စေမယ့်လုပ်ငန်းများမှာ ပို၍သိသာပါလိမ့်မယ်။ အစပိုင်းလေ့ကျင့်ခန်းလုပ်ရာတွင် နာကျင်ကိုက်ခဲခြင်းများရှိမှာဖြစ်ပြီး အချိန်ကာလတစ်ခုကြာရင် သင့်အရိုးအဆစ်များပိုမိုကောင်းမွန်လာပါလိမ့်မယ်။ ပစ္စည်းတစ်ခုခုကို ခါးအသုံးပြုပြီးလှည့်၍ယူခြင်း စတဲ့လှုပ်ရှားမှုများမှာ ပေါ့ပါးနေမှာဖြစ်ပါတယ်။ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သင့်ဦးနှောက်တုံ့ပြန်မှုအားပိုမိုကောင်းမွန်လာမှာဖြစ်ပြီး အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ သင့်နေ့စဉ်လေ့ကျင့်ခန်းကြောင့် ပေါ့ပါးလာသည်နှင့်အမျှ ဘဝရဲ့တခြားအစိတ်အပိုင်းများ တိုးတက်ဖို့ကို အာရုံစိုက်သင့်ပါတယ်။ ထိုင်တဲ့အခါ ခါးမတ်သွားခြင်း၊ ခန္ဓာကိုယ်အလေးချိန်ထိန်းနိုင်ခြင်း၊လျော့သွားခြင်း အပြင် အသက်ရှုရလွယ်ကူခြင်း စတဲ့ကောင်းကျိုးများ ရရှိလာမှာဖြစ်ပါတယ်။

၂။ ထိရောက်စွာ ပြန်လည်ကောင်းမွန်လာခြင်း။

သင့်ကြွက်သားများ သန်မာလာပြီး သင့်ခန္ဓာကိုယ်မှ ပြန်လည်ကုစားမှုများလုပ်ရာတွင် ယခင်လောက် အားစိုက်စရာ မလိုတော့ပါ။ တိုးတက်မှုမရှိခင်က ခါးနာခြင်း (သို့မဟုတ်) ခြေထောက်နာခြင်း စတာကြောင့် တစ်နေကုန်နီးပါး နာကျင်ကိုက်ခဲနေရလေ့ရှိတတ်ကြပါတယ်။ သန်စွမ်းမှုတိုးတက်အောင် လေ့ကျင့်ခြင်းအားဖြင့် အရိုးအဆစ်များ နဲ့ ကြွက်သားများ ပိုမိုကောင်းမွန်လာပါလိမ့်မယ်။ အရိုးအဆစ်များ ဟာ ရောဂါကာကွယ်ပေးတဲ့ သွေးဖြူဥများကို ထုတ်လုပ်နိုင်တာကြောင့် အရိုးအဆစ်များ ပိုမိုကောင်းမွန်လာခြင်းဖြင့် ဖျားနာခြင်းဒဏ်ကို ပိုမိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

၃။ ပိုမိုကောင်းမွန်စွာ၊ နှစ်ခြိုက်စွာအိပ်စက်နိုင်ခြင်း။

တစ်နေ့တွင် နာရီအနည်းငယ် (သို့မဟုတ်) နာရီပေါင်းများစွာ အိပ်စက်ပေမယ့် နှစ်ခြိုက်စွာအိပ်မပျော်ပါက ပင်ပန်းနွမ်းနယ်နေမှာဖြစ်ပါတယ်။ လူကြီးတစ်ယောက်ဟာ သန်စွမ်းမှုတိုးတက်အောင် လေ့ကျင့်ခြင်းအားဖြင့်ဂလူးကိုစ့် ဇီဝဖြစ်ပျက်မှုနဲ့ သွေးဖိအားတို့ကို ပိုမိုကောင်းမွန်စွာ လည်ပတ်လာစေနိုင်ပြီး စိတ်ဖိအားလျော့နည်းလာခြင်းနဲ့ ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း စတဲ့ကောင်းကျိုးများကို ခံစားရမှာဖြစ်ပါတယ်။ နေ့စဉ် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်ခြင်းဖြင့် ခန္ဓာကိုယ်ကြွက်သားသန်စွမ်းမှုများလည်း တိုးတက်လာမှာဖြစ်ပါတယ်။ အိပ်စက်တဲ့အခါမှာ ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်ခြင်းအလုပ်များ လုပ်ဆောင်တဲ့အတွက်ကြောင့် ကောင်းစွာအိပ်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်စွာအိပ်စက်ပြီး ခန္ဓာကိုယ်ပို၍ပေါ့ပါးခြင်းနဲ့ သန်စွမ်းမှုတိုးတက်ခြင်း အကျိုးကျေးဇူးများကို ရနိုင်ပါတယ်။

၄။ ဘဝရည်မှန်းချက်များ ပိုမိုထွက်ပေါ်လာခြင်း။

ပိုမိုလွယ်ကူစွာ လှုပ်ရှားနိုင်ခြင်း၊ ပိုမိုလွယ်ကူစွာ အသက်ရှုနိုင်ခြင်း၊ ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း၊ အမှီအခိုကင်းမဲ့လာခြင်း စသည်တို့ကြောင့် ပျော်ရွှင်မှုများပိုမိုရရှိလာမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားခြင်းသည် စိတ်ကို ရွှင်လန်းစေသည့်အပြင် အာရုံကိုတစ်နေရာထဲတွင်လည်း စူးစိုက်နိုင်သောကြောင့် ဘဝပျော်ရွှင်မှုကိုပိုမိုရရှိနိုင်ပါသည်။ သင်၏စိတ်ပျော်ရွှင်မှုကြောင့် သူငယ်ချင်းများနဲ့ လူစုပျော်ပါးရန် စီစဉ်ခြင်း၊ ယခင်ကလျစ်လျူရှုခဲ့တဲ့ ဝါသနာပါတဲ့အလုပ်များပြန်လုပ်ရန် စီစဉ်ခြင်း၊ သင်၏သားသမီး၊ မြေးတို့နဲ့ အတူ အချိန်ကုန်ဆုံးခြင်း စသည်တို့ကို ကိုက်ခဲမှုကင်းစွာဖြင့် ပေါ့ပေါ့ပါးပါးလုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုလဲ မြင့်မားလာမှာဖြစ်ပြီး လူတကာက ချစ်ခင်အားကိုးရတဲ့ ပညာရှိ လူကြီးတစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။

လူတိုင်းသည် ပိုမိုလွယ်ကူအဆင်ပြေစွာ သွားလာလှုပ်ရှားလို၊ အသက်ရှူလို၊ သန်မာလိုကြသည်။ နည်းမှန်လမ်းမှန်နှင့် သင်သာသွားမည်ဆိုလျှင် အိပ်စက်ခြင်းမှ အစ သင့်ဘဝအလုံးစုံသည် အကောင်းဖက်သို့သာ ဦးတည်သွားမည်ဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ခံစားရတတ်သော နာမကျန်းမှုများဖြစ်သည့် ကြွက်သားဆုံးရှုံးခြင်းကဲ့သို့သော မရှိတော့လျှင် အရာရာတိုင်း သင့်စိတ်ကြိုက်သည်သာ။ အကြီးစား လေ့ကျင့်ခန်းနှင့် စားသောက်ပုံပြောင်းလဲမှုများသည် နည်းစနစ်မမှန်ပါက အန္တရာယ်ရှိစေနိုင်သောကြောင့် မပြောင်းလဲခင် ပါရဂူတစ်ဦးဦးနှင့် အမြဲတိုင်ပင်ပါ။ ထို့အပြင် သင့်အတွက် အာဟာရဓာတ်ပိုမိုရရှိစေရန် Calcium ဓာတ်၊ Phosphorus ဓာတ်၊ Magnesium ဓာတ်၊ Vitamin D နှင့် K အပြင် HMB (Hydroxymethylbutyrate ဟူသော ကြွက်သားတည်ဆောက်ရာတွင် လိုအပ်သော ဓာတ်တစ်မျိုး) စသည့် ဓာတ်များစွာပါဝင်သော Ensure Gold ကဲ့သို့သော ဖြည့်စွက်စာများကို သုံးစွဲနိုင်သည်။

References:

  1. https://abbottnutrition.com.my/adult-nutrition/4-Tell-tale-Signs-Stronger
  2. https://morelifehealth.com/articles/strength-training-guide
  3. https://www.verywellhealth.com/longevity-to-dos-for-your-70s-2223715
  4. https://www.m3perform.com/new-blog/2020/2/13/5-signs-youre-making-strength-gains
  5. https://www.ph.abbott/products/nutrition/list-of-products.html