အသက် ၄၅နှစ် ကျော်တွေ စားသင့်တဲ့ အစားအသောက် (၁၀)မျိုး
![]() |
အသက် ၄၅နှစ် ကျော်တွေ စားသင့်တဲ့ အစားအသောက် (၁၀)မျိုး
ဘဝဆိုတာ အသက်၄၀မှ စတာပါ။ ဒါကြောင့် ငါတော့ဖြင့် အသက် ၄၀ကျော်နေပြီဆိုပြီး စိတ်မကောင်း မဖြစ်ပါနဲ့တော့။ အသက်၄၀ကျော်လည်း လူတိုင်းမှာ ကျန်းမာလှပဖို့ အခွင့်အရေးတွေ ရှိပါတယ်။ စနစ်တကျနေထိုင်စားသောက်မယ်ဆိုရင်ပေါ့။ သူများနိုင်ငံတွေမှာတော့ ၄၀ကျော်သည့်တိုင် လူငယ်တွေလိုမျိူး တန်းတူလှုပ်ရှား သွားလာနေပြီး သွက်သွက်လက်လက် အလုပ်လုပ်နေကြသူတွေကိုလည်း တွေ့ဖူးပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။
သတင်းဆိုးကတော့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းချင်းယိုယွင်းပျက်စီးလာတတ်တဲ့အမျိုးဖြစ်ပါတယ်။ စိတ်ကနုပျိုဖြတ်လတ်နေဆဲဆိုပေမယ့် ခန္ဓာကိုယ်ကတော့ ငယ်ငယ်တုန်းကနဲ့မတူတော့ဘူးဆိုတာကို သတိထားမိပါလိမ့်မယ်။ ဒီအချိန်မှာ ကိုယ့်ခန္ဓာကိုယ်ကို သေချာဂရုစိုက်ဖို့က အများကြီးလိုလာပါပြီ။ ၄၅ နှစ်ကျော်ချင်းအတူတူ တချို့တွေလူငယ်ရှုံးအောင် တက်ကြွဖြတ်လတ်ပြီး ငယ်ရွယ်တဲ့ပုံစံပေါက်ပေမယ့် တချို့ကျလည်း အသက်ကြီးကြီးအဖိုးကြီးတွေလိုဖြစ်နေတယ်ဆိုတာက ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ဂရုစိုက်လဲဆိုတာပေါ်မှာမူတည်ပါတယ်။ ဂရုစိုက်သင့်တဲ့ အကြောင်းအရာတွေထဲကတစ်ခုကတော့ အာဟာရပါ။
အသက်၄၅နှစ်ကျော်လာရင် အရင်လို အသင့်စား အစားအသောက်တွေကိုမစားဘဲ ကိုယ့်ကိုယ်ကို အာဟာရပြည့်ဝပြီး ကျန်းမာဖို့ အစာစားတိုင်းမှာ အောက်ကအချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဒါတွေကတော့
- သွေးတွင်းအဆီကျစေမယ့် အစားအစာတွေ
- မှတ်ဉာဏ်ကောင်းစေမယ့် အစားအစာတွေ
- သွေးတွင်းသကြားဓာတ်ကို ထိန်းပေးမယ့် အစားအစာတွေ
- သွေးဖိအားကို ထိန်းပေးမယ့် အစားအစာတွေ
- ခန္ဓာကိုယ်ရောင်ရမ်းမှုကို ထိန်းပေးမယ့် အစားအစာတွေ
- အရိုးကျန်းမာရေးကို ထိန်းပေးမယ့် အစားအစာတွေ
- ကိုယ်ခံအား ကောင်းစေတဲ့ အစားအစာတွေ
- ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါတဲ့ အစားအစာတွေ
- အရွယ်တင်နုပျိုစေတဲ့ အစားအစာတွေ စတာတွေကို ဦးစားပေး စားပေးသင့်ပါတယ်။ ဒါတွေက ဘယ်အစားအစာတွေမှာ ပါလဲဆိုတာ ကြည့်ကြည့်ရအောင်။
အသက် ၄၅နှစ်ကျော်တွေအတွက် ထိပ်တန်းအစားအစာ ၁၀မျိုး
- လက်ဖက်စိမ်း
Greeen teaလို့ ခေါ်ကြတဲ့ ဒီလက်ဖက်စိမ်းဟာ ကိုယ်အလေးချိန်ကို ကျစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်သတ္တိလည်း ရှိပါတယ်။ ဟားဗတ်က လေ့လာသူတွေ အဆိုအရ သူက ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောကို ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောကို တက်စေပါတယ်တဲ့။ သူ့မှာပါတဲ့ polyphenols ဒြပ်ပေါင်းက အူကနေ မကောင်းတဲ့ ကိုလက်စထရောကို စုပ်ယူတာကို တားပေးတဲ့အပြင် ခန္ဓာကိုယ်က မကောင်းတဲ့ ကိုလက်စထရောတွေ စွန့်ထုတ်တာကို ကူညီပေးပါတယ်တဲ့။ ဒါကြောင့် ခုကစပြီး လက်ဖက်စိမ်းကို အကျင့်လုပ်ပြီး စသောက်သင့်ပါပြီ။
- အုတ်ဂျုံ
၄၅နှစ်ကျော်လာရင် တစ်ပတ်တစ်ရက်လောက်ဖြစ်ဖြစ် အုတ်ဂျုံကို မနက်စာအနေနဲ့ စစားကြည့်ပါတော့။ ဘာလို့လည်း ဆိုတော့ သူ့မှာ အမျှင်ဓာတ်က LDLလို့ ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရောကို ကျစေတယ်လေ။ အမျှင်ဓာတ်တွေက ကိုလက်စထရောကို သွားကပ်လိုက်တဲ့နည်းနဲ့ အူက မစုပ်အောင် တားဆီပေးတာပါ။ ကောင်းတဲ့ ကိုလက်စထရောတက်စေချင်တယ်ဆိုရင်တော့ အုတ်ဂျုံကို နေ့တိုင်းစားပေးသင့်ပါတယ်တဲ့။
- ခရမ်းသီး
နေ့တိုင်းစျေးထဲမှာ တွေ့နေပြီး လွယ်လွယ်ဝယ်လို့ရနေတဲ့ ခရမ်းသီးကိုလည်း အထင်မသေးလိုက်ပါနဲ့။ သူ့မှာပါတဲ့ anthocyanins က ရေတို မှတ်ဉာဏ်ကို အားကောင်းစေပါတယ်။ ဒါ့ပြင် ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ဆဲလ်တွေ ရောင်ရမ်းတာကို သက်သာစေတဲ့အပြင် အသက်ကြီးလာလို့ သွေးကြောတွေမာတာကို တားဆီးပေးတဲ့အတွက် နှလုံးရောဂါကို ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။
- ပဲ
စျေးထဲမှာ ရှိတဲ့ ပစ္စည်းတွေထဲမှာ ပဲက အကောင်းဆုံး ဆီးချိုထိန်းဆေးပါပဲ။ လေ့လာချက် တစ်ခုမှာ ပြောထားတာက အမျှင်ဓာတ်ပါတာကို စားတာချင်း အတူတူ တစ်နေ့ကို ပဲတစ်ခွက်နဲ့ ၃လလောက် စားတဲ့ သူတွေက သွေးတွင်းအချိုဓာတ်နဲ့ ကိုယ်အလေးချိန်ကို ပိုပြီး ကောင်းကောင်း ထိန်းနိုင်ပါတယ်တဲ့။ ဒီထဲမှာ ဗိုလ်စားပဲက အကောင်းဆုံးဖြစ်ပြီး သကြားဓာတ်တွေ ရုတ်တရက်ထိုးတက်သွားတာကိုလည်း မဖြစ်စေပါဘူး။ တစ်ခုသတိထားရမှာက လတ်လတ်ဆတ်ဆတ် ချက်စားတဲ့ပဲက အသင့်စားပဲတွေထက် ပိုကောင်းပါတယ်။
- ကန်စွန်းဥ
ကန်စွန်းဥမှာ ပိုတက်စီယမ် ကြွယ်ဝစွာ ပါတာကြောင့် သွေးဖိအားများစေတဲ့ ဆားဓာတ် (ဆိုဒီယမ်)ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် carotenoidsလို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ကျစေပါတယ်။ ကယ်လိုရီတွေကို အဆီအဖြစ် သိမ်းထားတာလည်း နည်းသွားပါတယ်။ ဆိုလိုတာက ကိုယ်ထဲမှာ အဆီမစုတော့ဘူးပေါ့။ ဒါကြောင့် ငယ်ငယ်တုန်းက စားသလိုပဲ ကန်စွန်းဥကို ပြုတ်ပြီး ဖြစ်ဖြစ်၊ ဖုတ်ပြီး ဖြစ်ဖြစ် ဆီနဲ့ ဆား ပါရုံလောက်ထည့်ပြီး စားကြည့်ရအောင်။
- အစိမ်းရောင်အရွက်များ
ဟင်းနုနွယ်လိုမျိုး အစိမ်းရောင်အရွက်ဖားဖားကြီးတွေက သင်နေ့စဉ်စားတဲ့အထဲမှာ ပါကို ပါသင့်နေပါပြီ။ သူ့ဆီမှာ အရိုးအဆစ်တွေကို ရောင်ရမ်းစေတဲ့ အင်ဇိုင်းကို တားဆီးပေးတဲ့ sulforaphane ပမာဏ အများကြီး ပါတဲ့အတွက် သင့်ကို နာကျင်ရောင်ရမ်းခြင်းကနေ မြန်မြန်သက်သာစေမှာပါ။
- ဒိန်ချဉ်
အသက်ကြီးလာတာနဲ့အမျှ အရိုးရဲ့ သိပ်သည်းဆက ကျသွားပါတယ်။ အမျိုးသမီးတွေက ပိုပြီး အဖြစ်များပါတယ်။ ဒါကြောင့် ခုလောက်ထဲက စားပြီး နို့ထွက်ပစ္စည်း (ဥပမာ ဒိန်ချဉ်)တွေကို စသောက်ပေးပါ။ သူ့မှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီက အရိုးတွေ ကျန်းမာကြံ့ခိုင်စေဖို့ အထောက်အကူ ဖြစ်ပါတယ်။
- ဘယ်ရီသီး
စတော်ဘယ်ရီက စလို့ တခြားသော ဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ anthocyaninပါတဲ့အတွက် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ခုခံအားကိုပေါ့။ လေ့လာချက်တွေအရ ဒီလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တဲ့ အသီးအနှံတွေကို စားတဲ့သူတွေက မစားတဲ့သူတွေထက် နှာစေး၊ ချောင်းဆိုးတာ၊ တုပ်ကွေး ဖြစ်တာ ပိုနည်းပါတယ်တဲ့။
- မာလကာသီး
မာလကာသီးမှာ ဗီတာမင်စီ ပါဝင်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝတယ်လို့ လူသိများတဲ့ လိမ္မော်သီးထက်တောင် များပါသေးတယ်။ ဗီတာမင်စီဟာ စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်တဲ့အတွက် ဆဲလ်တွေ ဓာတ်တိုးပြီး ပျက်စီးတာကို ကာကွယ်ပေးတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို တားဆီးပေးပါတယ်။ ဒါ့ပြင် အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်လည်း ပါဝင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။
- ပန်းသီး
တစ်နေ့ ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ပြစရာမလိုအောင် ကျန်းမာတယ်လို့ ပြောကြတယ်မလား။ ဒါ့ပြင် ပန်းသီးက လူကိုလည်း နုပျိုစေပါတယ်တဲ့။ ဗီတာမင်ဘီနဲ့ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေလှပြီး အရွယ်တင် နုပျိုစေမှာပါ။
အသက်၄၅နှစ် ကျော်သွားလည်း အာဟာရပြည့်ဝအောင် စနစ်တကျ စားသောက်မယ်ဆိုရင် အသက်ဆိုတာ ကိန်းဂဏန်း တစ်ခုပါပဲ။ လူငယ်တွေလိုပဲ ကျန်းမာလှပပြီး သွက်လက်နေဦးမှာပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
https://www.eatthis.com/foods-for-middle-aged/
https://www.cheatsheet.com/health-fitness/foods-you-need-to-be-eating-if-youre-50.html/
Link exchange is nothing else however it is simply placing the other person’s webpage link on your page at suitable place and other person will also do same in support of you.|
Hello! This is my first comment here so I just wanted to give a quick shout out and say I really enjoy reading through your blog posts. Can you recommend any other blogs/websites/forums that go over the same subjects? Thanks a lot!|
You’re so cool! I don’t suppose I have read a single thing like that before. So wonderful to discover someone with a few genuine thoughts on this issue. Really.. thanks for starting this up. This site is something that is needed on the internet, someone with some originality!|
I’m really impressed along with your writing abilities as neatly as with the structure on your blog. Is this a paid theme or did you modify it yourself? Anyway keep up the nice high quality writing, it is uncommon to see a great weblog like this one today..|
What’s Going down i’m new to this, I stumbled upon this I’ve found It absolutely useful and it has aided me out loads. I am hoping to give a contribution & aid different users like its helped me. Great job.|
I am sure this paragraph has touched all the internet viewers, its really really nice article on building up new weblog.|
I visited multiple sites however the audio feature for audio songs current at this website is genuinely excellent.|