သက်ကြီးရွယ်အိုများနှင့် ချော်လဲမှု အန္တရာယ်အချက်အလက်များ

သန်စွမ်းဖြတ်လတ်သည့် လူငယ်သည် ချော်လဲသည့်အခါ ဖုန်ခါပြီး ရှေ့ဆက်သွားနိုင်သည်။ လူကြီးများတွင်မူ ချော်လဲခြင်းကြောင့် အနာတရနှင့် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည်အထိ ဖြစ်နိုင်သည်။ ချော်လဲခြင်းကြောင့် တင်ပဆုံရိုး၊ အရိုး နှင့် ဦးခေါင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပွားနိုင်သည်။ သက်ကြီးရွယ်အိုများအား အန္တရာယ်မရှိသည့် ချော်လဲမှု အသေးစားများက စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပြီး လှုပ်လှုပ်ရှားရှား မနေချင်လောက်အောင် ဖြစ်စေနိုင်သည်။

အောက်ပါ အချက်အလက်များကြောင့်သက်ကြီးရွယ်အိုများ ချော်လဲနိုင်သည်။

အမြင်အာရုံ အားနည်းခြင်း

သက်ကြီးရွယ်အိုများ အသက်ကြီးလာသည်နှင့်အမျှ မျက်ကြည်လွှာ ယိုယွင်းလာသဖြင့် အလင်းရောင်ကောင်းကောင်း မရရှိတော့ဘဲ ခလုတ်တိုက်တတ်သည်။ ကျန်းမာရေးကောင်းသည့် သက်ကြီးရွယ်အို တစ်ဦးပင်လျှင် ချော်လဲလျှင် အနာတရ ဖြစ်နိုင်သည်။ သက်ကြီးရွယ်အိုတစ်ဦး မျက်မှန်တပ်ဖို့ ငြင်းဆန်ခြင်းနှင့် အမြင်အာရုံကို အထောက်အကူကောင်းကောင်း မပေးနိုင်သည့် ပစ္စည်းကို အသုံးပြုခြင်းတို့ကြောင့် ချော်လဲနိုင်ပါသည်။

ဆေးဝါး

သက်ကြီးရွယ်အို တစ်ဦးရဲ့ ချော်လဲခြင်းသည် သူသောက်သုံးသည့် ဆေးဝါးနှင့်လည်း သက်ဆိုင်သည်။ တချို့ ကောင်တာမှ တိုက်ရိုက်ဝယ်ယူ၍ ရသည့် ဆေးဝါးများသည် ခေါင်းမူးခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်ပြီး ချော်လဲသည်အထိ ဖြစ်နိုင်သည်။ စိတ်ငြိမ်ဆေး၊ ဘိန်းပါသောဆေးဝါး၊ နှလုံးသွေးကြောဆိုင်ရာ ဆေးဝါးများ၊ စိတ်ကျရောဂါ ကာကွယ်ဆေး စသည်တို့သည် တရားခံများ ဖြစ်သည်။

ကိုယ်လက်လှုပ်ရှားမှု လျော့နည်းလာခြင်း

သက်ကြီးရွယ်အို တော်တော်များများသည် လှုပ်လှုပ်ရှားရှားနေဖို့ သိပ်မတက်ကြွတော့ချေ။ ထိုသို့နေခြင်းကြောင့် အရွယ်ရောက်မှု ဖြစ်စဉ်အား ပိုမိုအားပေးသလို ဖြစ်သွားသည်။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းက ကြွက်သားများ လျော့ရဲလာခြင်း၊ အရိုးအားနည်းခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ ကွေးခြင်း ဆန့်ခြင်းများ ပြုလုပ်ရန် ခက်ခဲခြင်းတို့ ဖြစ်နိုင်သည်။

နာတာရှည် ရောဂါများ

သက်ကြီးရွယ်အိုများ၏ ၈၀% သည် အာရုံကြော အားနည်းရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေးဖက်နာရောဂါ၊ လက်ထဲတွင် မြဲမြဲကိုင်ရန် ခက်ခဲခြင်း၊ ကိုယ်ဟန်ချက် မညီခြင်း၊ အသိအမြင် ချွတ်ယွင်းခြင်း စသည့်ရောဂါများ ရှိတတ်ကြသည်။ အဆိုပါ ရောဂါများသည် ချော်လဲခြင်း၊ ခလုတ်တိုက်ခြင်း စသည်တို့ကို တုံ့ပြန်မှု နှောင့်နှေးစေသည်။

ချော်လဲခြင်းကို ကာကွယ်နိုင်သည်။ ကျန်းမာရေး ပညာရှင်အား ချော်လဲခြင်း၏ အန္တရာယ်များကို တွက်ချက်စေခြင်း၊ ဆေးဝါးကျွမ်းကျင်သူအား ဆေးဝါးများအား စစ်ဆေးစေခြင်း၊ ဗီတာမင် D သောက်သုံးခြင်းအားဖြင့် ကာကွယ်နိုင်သည်။ သို့သော်လည်း သက်ကြီးရွယ်အိုများအား တစ်နှစ်တစ်ကြိမ် မျက်စိ စစ်ဆေးစေခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ရှိစေခြင်းတို့ကြောင့် ခြေလက်နှင့် ကိုယ်ဟန်ချက်ကို သန်မာစေသည်။