ရောဂါတွေကို ဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ စားသောက်မှုပုံစံ ကဘယ်လို အရေးကြီးသလဲ။
![]() |
ရောဂါတွေကို ဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ စားသောက်မှုပုံစံ ကဘယ်လို အရေးကြီးသလဲ။
ခန္ဓာကိုယ်မှာလိုအပ်တဲ့ ကယ်လိုရီတွေ၊ အာဟာရဓာတ်တွေကို အစားအသောက်မှီဝဲမှုကနေ အဓိက ဖြည့်တင်းရပါတယ်။ ဒါကြောင့် စားသောက်နေထိုင်မှုပုံစံက လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအတွက် အထူးအရေးပါလှတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်ရင် စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်ပြီး ရောဂါအမျိုးမျိုးတွေရဲ့ အန္တရာယ်ကနေလည်း ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။
ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်ခြင်းဆိုတာက ဘာလဲ
ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်ခြင်းဟာ ကိုယ်အလေးချိန်တက်ဖို့၊ ကျဖို့ သက်သက်မဟုတ်ပါဘူး။
ကျန်းမာတဲ့ကိုယ်ခန္ဓာ တစ်ခုဖြစ်နေစေဖို့ အစာအာဟာရကို သင့်တင့်မျှတစွာ ချင့်ချိန် စားသုံးခြင်းကို ခေါ်တာပါ။ အလွန်အကျွံစားတာရော နည်းနည်းလေး စားတာရော မဟုတ်ဘဲ အာဟာရလည်းပြည့်ဝအောင် မှန်ကန်တဲ့ကိုယ်အလေးချိန်လည်းဖြစ်အောင် စားသုံးခြင်းဖြစ်ပါတယ်။ တခြား အကြောင်းပြချက်တွေလည်းရှိပါသေးတယ်။ ကိုယ်ခံအားကောင်းဖို့၊ သွေးအားကောင်းဖို့စသဖြင့်ပေါ့။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို ဘယ်လိုနည်းမှန်လမ်းမှန် လိုက်နာမလဲ
တကယ်လို့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ကျန်းမာကြံ့ခိုင်နေမယ်ဆိုရင် သူ့ရဲ့ ကိုယ်ခံအားဟာ ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေမှာဖြစ်ပါတယ်။
ဒီလိုမျိုး ထောက်ကူပေးနိုင်တဲ့၊ Dietitian တွေကလက်ခံ စားသုံးနေတဲ့ အစားအစာတွေ အများအပြားရှိပါတယ်။ ဥပမာ – ဘယ်ရီသီး၊ ဆယ်လ်မွန်ငါး၊ အမဲသား၊ ကြက်ဥ၊ ကညွတ်၊ ချောကလက်၊ ထောပတ်သီးစသဖြင့်ပေါ့။ တခြား အစားအစာတွေကလည်း သူ့အားသာချက်နဲ့သူ အကျိုးပြုမှာဖြစ်ပါတယ်။
ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီရွက်တို့လို အစိမ်းရင့်ရောင် အရွက်တွေ၊ နို့၊ ပဲပိစပ်နဲ့ အစေ့အဆန်တွေကို သင့်တင့်မျှတစွာ စီမံစားသုံးတဲ့အခါ အဝလွန်တာ၊ သွေးတိုးတာ၊ ဆီးချိုဝေဒနာခံစားရတာနဲ့ နှလုံးရောဂါအမျိုးမျိုးနှင့် နာတာရှည်ရောဂါတွေကို တိုက်ထုတ်ရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပျစ်သီး၊ သံပုရာနွယ်ဝင် အသီးတွေ၊ သစ်ကြံပိုးခေါက်နဲ့ Apple-Cider Vinegar တို့လို အစားအစာတွေကတော့ ကူးစက်နိုင်တဲ့ ပိုးမွှားတွေနဲ့ ကူးစက်ရောဂါတွေကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။
အာဟာရဗေဒ ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ယော့ဂျ် ဟေဂါရဲ့ အဆိုအရဆိုရင် လူတွေ ဘာတွေစားနေကြသလဲဆိုတာက လူတွေ ဘာရောဂါဖြစ်မလဲဆိုတာကို သတ်မှတ်နေတယ်လို့ ဆိုပါတယ်။ ဥပမာ ဆီးချိုသွေးတိုးသမားတွေရဲ့ စားသောက်မှုပုံစံဟာ ရောဂါမဖြစ်ခင်မှာ အချိုများ၊ အငန်များနေခဲ့ပါလိမ့်မယ်။
ကျန်းမာရေးနဲ့ မျှတ ညီညွတ်အောင် စားသောက်နေထိုင်မှုမရှိတာကြောင့် လူတွေမှာ ရောဂါဘယထူပြောနေကြတာဖြစ်ပြီးတော့ စားသောက်မှုပုံစံကို ဟန်ချက်ထိန်းလိုက်ရုံနဲ့ ရောဂါဘယအများအပြားရဲ့ ရန်ကနေ ကင်းလွတ်စေနိုင်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးပါလို့ ပြောနေရတဲ့ အကြောင်းအရင်း
ဒီကနေ့ခေတ်က ရောဂါဘယတွေ ထူပြောလှသလို ထူးထွေဆန်းပြားလှတဲ့ ဝေဒနာအသစ်အဆန်းတွေကလည်း မကြာခဏဆိုသလို ပေါ်ထွက်လာနေကြပါတယ်။
ဒီလိုခေတ်ကာလမျိုးမှာ ကျန်းမာရေးနဲ့ ကိုက်ညီအောင် စားသောက်နေထိုင်တာဟာ အကောင်းဆုံး ရောဂါကာကွယ်ရေးနည်းလမ်းဖြစ်သလို၊ အသင့်လျော်ဆုံး ရောဂါတိုက်ဖျက်ရေးနည်းလမ်းဆိုလည်း မမှားပါဘူး။
ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ချက်တွေအရဆိုရင်တော့ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံနဲ့ မျိုးရိုးဗီဇတွေဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးမှာ အရေးအကြီးဆုံးအချက်တွေပါတဲ့။ အဲ့ဒီထဲမှာမှ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေဟာ ပြုပြင်လို့ရတဲ့အရာတွေဖြစ်ပါတယ်။ ဒီအရာတွေကပဲ ရောဂါဘယတွေ ရှေ့ဆက်တိုးလာမလား၊ ရပ်တန့်သွားမလားဆိုတာကို အဓိက အဆုံးအဖြတ်ပေးကြမယ့်အရာတွေလို့ ဆိုပါတယ်။
ဒေါက်တာ ယော့ဂျ် ဟေဂါရဲ့ စကားလေးနဲ့ ဒီဆောင်းပါးကို ပိတ်သိမ်းချင်ပါတယ်။ သူပြောတာက အစားအသောက်ဆိုတာ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ မှီဝဲနေတဲ့ ဆေးဝါးဖြစ်ပါတယ်တဲ့။ ဒါကြောင့် ရောဂါဆိုးတွေကို တိုက်ထုတ်ဖို့ ခုကစပြီး နည်းမှန်လမ်းမှန်နဲ့ စားသောက်နေထိုင် ကြည့်ကြရအောင်လား။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
https://www.who.int/dietphysicalactivity/publications/trs916/summary/en/
https://www.webmd.com/food-recipes/features/10-amazing-disease-fighting-foods#1
https://www.health.com/food/17-superfoods-that-fight-disease
https://www.healthline.com/health/balanced-diet
https://www.scientificamerican.com/custom-media/science-for-life/can-your-diet-help-fight-disease/
Informative article, exactly what I wanted to find.|
Hi to every one, because I am in fact keen of reading this blog’s post to be updated regularly. It includes fastidious data.|
It is not my first time to pay a quick visit this website, i am visiting this site dailly and get fastidious information from here everyday.|
always i used to read smaller articles which as well clear their motive, and that is also happening with this paragraph which I am reading now.|
You actually make it seem so easy with your presentation but I find this matter to be really something which I think I would never understand. It seems too complicated and very broad for me. I am looking forward for your next post, I will try to get the hang of it!|
I take pleasure in, cause I discovered just what I was taking a look for. You’ve ended my 4 day long hunt! God Bless you man. Have a nice day. Bye|
Informative article, just what I needed.|
you’re really a good webmaster. The web site loading velocity is amazing. It sort of feels that you’re doing any unique trick. Also, The contents are masterwork. you’ve done a wonderful job in this matter!|
Hi there, You have done a fantastic job. I will certainly digg it and in my view suggest to my friends. I’m sure they’ll be benefited from this site.|
Amazing blog! Is your theme custom made or did you download it from somewhere? A design like yours with a few simple adjustements would really make my blog shine. Please let me know where you got your theme. Thank you|
Magnificent beat ! I wish to apprentice at the same time as you amend your website, how can i subscribe for a weblog website? The account helped me a acceptable deal. I were a little bit acquainted of this your broadcast offered brilliant clear concept|