မြန်မြန်နာလန်ထဖို့အတွက် ရေဓာတ်နဲ့ အာဟာရဓာတ်က ဘာကြောင့် အရေးပါသလဲ။
![]() |
မြန်မြန်နာလန်ထဖို့အတွက် ရေဓာတ်နဲ့ အာဟာရဓာတ်က ဘာကြောင့် အရေးပါသလဲ။
နေမကောင်းဖြစ်ပြီဆိုရင် အရမ်းစိတ်ညစ်ရတယ်နော်။ ကလေးတွေဆိုရင်လည်း ကျောင်းပျက်ရတယ်၊ အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့လည်း မကစားရဘူး။ လူကြီးတွေဆိုရင်လည်း အလုပ်ပျက်ရတော့ ကိုယ့်ရဲ့ တာဝန်တွေ လစ်ဟင်းကုန်တယ်။ မိသားစုဝင်တွေဆိုရင်လည်း ကိုယ့်ကို ပြုစုစောင့်ရှောက်ဖို့ သူတို့မှာ နဂိုရှိတဲ့ အလုပ်ထက် ပိုလုပ်ပြီး ဂရုစိုက်ပေးရတာပေါ့။ ဒါကြောင့် အကောင်းဆုံးကတော့ မဖျားမနာအောင် ကိုယ့်ဘက်က ကြိုတင်ကာကွယ်ပေးဖို့ပါပဲ။
ဒါပေမယ့်လည်း ဘယ်လောက် ကျန်းမာနေတဲ့ လူပဲ ဖြစ်နေပါစေ၊ အနည်းဆုံး တစ်နှစ် တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ ဖျားကြတာပါပဲ။ အပြင်မှာက လူပေါင်းစုံ၊ အရာဝတ္ထုပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အခါ ကိုယ့်ကို ရောဂါပိုး ကူးစက်နိုင်ဖို့ အခွင့်အရေး များတာပေါ့။ နေမကောင်းဘူးဆိုရင် ရေများများသောက်ဖို့၊ အာဟာရပြည့်ဝဖို့ လိုအပ်တာလဲဆိုတာ တွေးမိနေမယ်ဆိုရင် ဒီဆောင်းပါးက နားလည်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
ရေဓာတ်နဲ့ အာဟာရဓာတ်ဆိုတာ လူတစ်ယောက် ကျန်းမာလာစေဖို့ လိုအပ်တဲ့ အာဟာရဓာတ် ပြည့်ဝမှုကို အစာအာဟာရနဲ့ ရေဓာတ် ဆိုပြီး အုပ်စု ၂ စုခွဲပြီး ရှင်းပြပေးချင်ပါတယ်။
အစာအာဟာရ ပြည့်ဝမှု
လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ကိုယ်စားလိုက်တဲ့ အစာအာဟာရကနေ ပြန်လည် ရရှိပါတယ်။ ခန္ဓာ ကိုယ်တွင်းဆဲလ်တွေ ပြုပြင်ထိန်းသိမ်းဖို့ ၊ ကိုယ်တွင်း အင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့၊ ကိုယ်ခံအား ကောင်းစေဖို့ အစရှိတဲ့ နေရာမှာလည်း အစာအာဟာရက အများကြီး အကျိုးကျေးဇူးပေးနိုင်ပါတယ်။ အထူးသဖြင့် နေမကောင်းတဲ့အချိန်မျိုးမှာ မြန်မြန် နေကောင်းသက်သာလာစေဖို့ အစာအာဟာရကို အများကြီး မှီခိုရပါတယ်။
လူတွေက နေမကောင်းဖြစ်ပြီဆိုရင် အိပ်ရာထဲမှာပဲ မှိန်းပြီး ဘာမှ မစားမသောက်ဘဲ နေတတ်ကြပါတယ်။ အဲ့လို လုပ်ရင်တော့ ကိုယ့်ရဲ့ အဖျားက ထင်ထားတာထက်တောင် ပိုပြီး ကြာသွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်နော်။ ဒါကြောင့် မကျန်းမာဘူးဆိုရင် ကိုယ့်ကို အားရှိစေမယ့် အစားအစာတွေကို များများ စားပေးဖို့ လိုပါတယ်။ အသားဆိုရင်လည်း ဆီနဲ့ ကြော်တာ၊ ဟင်းချက်တာမျိုးထက်စာရင် အရည်၊ စွပ်ပြုတ်လိုမျိုး ဟင်းသီးဟင်းရွက်နဲ့ရောပြုတ်ပြီး သောက်တာ၊ အသီးအနှံတွေ များများစားပေးတာမျိုး လုပ်လို့ ရပါတယ်။ နေမကောင်းဖြစ်ပြီးချိန်မှာ အဓိက အာဟာရ ဖြစ်တဲ့ အစားအစာတွေကို ကောင်းကောင်း စားပေးမှ ကိုယ်ခန္ဓာက ပြန်လည် အလုပ်လုပ်နိုင်မယ်။ ကိုယ်ခံအားစနစ်ကိုလည်း အားဖြည့်ပေးရာ ရောက်လို့ ကိုယ်ထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ပေးနိုင်မှာပါ။
တစ်ခုသတိထားသင့်တာက အစားစားတိုင်းဆိုတာမျိုးမဟုတ်ဘဲ အာဟာရဓာတ်များတဲ့အစားအသောက်တွေကို စားသုံးဖို့လိုအပ်ပါတယ်။ အချိုများလွန်းတာ၊ အဆီများလွန်းတာ၊ အသင့်စားအစားအသောက်တွေ နဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအသောက်တွေကိုစားသုံးခြင်းက မြန်မြန်နေကောင်းဖို့ အထောက်အကူပြုနိုင်မှာမဟုတ်ပါဘူး။
ရေဓာတ် ပြည့်ဝမှု
လူတိုင်းရဲ့ တစ်နေ့တာမှာ အစာအာဟာရ အပြင် နောက်ထပ် မဖြစ်မနေ လိုအပ်တာကတော့ ရေဓာတ်ပါပဲ။ အစားအစာက ကိုယ်ခန္ဓာကို လျင်မြန်စွာ အလုပ်လုပ်စေဖို့ ကူညီပေးတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ ကိုယ်ခန္ဓာက အလုပ်လုပ်တဲ့အတွက် ချွေးပိုထွက်ပြီး ရေဓာတ် ဆုံးရှုံးပါတယ်။ ဒီလို ရေဓာတ် ဆုံးရှုံးရတဲ့အတွက် ကိုယ်က ရေများများ သောက်ပေးတာ၊ အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပေးခြင်းဖြင့် ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။
နေမကောင်းတဲ့အခါမှာ ခန္ဓာကိုယ်က ခါတိုင်းအချိန်ထက် ရေဓာတ် ပိုဆုံးရှုံးပါတယ်။ အဓိကက ရေမသောက်တဲ့အတွက် လည်ချောင်းနဲ့ ခံတွင်းက ခြောက်ပြီး အဲ့နေရာမှာ ရောဂါပိုးမွှားတွေက သွားကပ်နေတယ်၊ ပိုးကောင်ရေကလည်း ပိုပြီး ပွားများလာပါတယ်။ ရေဓာတ် ခန်းခြောက်ခြင်းကြောင့်လည်း ကိုယ်ခံအားစနစ်က ခါတိုင်းထက် လုပ်ဆောင်ရည်အား ကျဆင်းသွားပြီး အဖျားတာကို ရှည်ကြာစေနိုင်ပါတယ်။
ဒီအတွက် နေမကောင်းဖြစ်ရင်လည်း ရေများများ သောက်ပေးဖို့ လိုသလို ရေနွေးကြမ်း၊ ချင်းပြုတ်ရည်၊ ကြက်စွပ်ပြုတ် ပူပူလေး သောက်ပေးတာ၊ အရည်ရွှမ်းတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ စားသင့်ပါတယ်။
နေမကောင်းဖြစ်နေရင် နောက်ထပ် ဘာလုပ်သင့်လဲ။
အဓိက အစာအာဟာရဓာတ်နဲ့ ရေဓာတ် ပြည့်ဝမှုကို ဂရုစိုက်ပြီး အပြည့်အဝ အနားယူရပါမယ်။ တတ်နိုင်သလောက် အိပ်ပါ။ အလုပ်လုပ်စရာ ရှိရင်လည်း ခဏ နားထားပါ။ အိမ်တွင်း လေထုကို အေးမြစေပြီး ပိုးသန့်စင်ပေးမယ့် လေထုအစိုဓာတ်ထိန်းစက်တွေ ဝယ်တပ်ထားလို့လည်း ရပါတယ်။ လေ့ကျင့်ခန်း၊ အားကစား ပြင်းပြင်းထန်ထန် လုပ်တာမျိုး၊ အပြင်ထွက်တာ၊ တခြားလူတွေနဲ့ ထိတွေ့ဆက်ဆံတာမျိုးတွေ ရှောင်ပါ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
https://www.healthline.com/health/food-nutrition/why-is-water-important (May 15, 2020)
This is a great tip especially to those fresh to the blogosphere. Simple but very precise info… Thanks for sharing this one. A must read article!|
It is not my first time to go to see this site, i am visiting this site dailly and obtain fastidious information from here all the time.|
Hello, i believe that i noticed you visited my blog thus i got here to go back the desire?.I am trying to find issues to improve my site!I guess its good enough to use some of your ideas!!|
Hi there mates, how is everything, and what you desire to say about this piece of writing, in my view its really remarkable for me.|
Hi! This is my first visit to your blog! We are a team of volunteers and starting a new initiative in a community in the same niche. Your blog provided us valuable information to work on. You have done a extraordinary job!|
Thank you for some other informative blog. Where else may just I am getting that type of information written in such an ideal manner? I have a challenge that I’m simply now working on, and I’ve been at the glance out for such info.|
I blog often and I truly thank you for your information. This great article has truly peaked my interest. I am going to bookmark your website and keep checking for new details about once a week. I opted in for your Feed as well.|
Hello there, simply turned into aware of your blog through Google, and found that it’s really informative. I’m going to be careful for brussels. I’ll be grateful if you proceed this in future. Lots of folks will be benefited out of your writing. Cheers!|
This is very interesting, You’re a very skilled blogger. I’ve joined your rss feed and look forward to seeking more of your magnificent post. Also, I’ve shared your site in my social networks!|
Superb post however , I was wondering if you could write a litte more on this topic? I’d be very grateful if you could elaborate a little bit more. Cheers!|