ပြည့်ဝမှန်ကန်မှုမရှိတဲ့အာဟာရနဲ့ အဖိုးအဖွားတွေရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး
![]() |
ပြည့်ဝမှန်ကန်မှုမရှိတဲ့အာဟာရနဲ့ အဖိုးအဖွားတွေရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး
စားသုံးလိုက်တဲ့အာဟာရတွေက ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းအတွက် အရေးပါပါတယ်။ ကိုယ်ဘယ်လိုစားသောက်နေထိုင်လဲဆိုတာက ကိုယ့်ရဲ့ အတွင်းအပြင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကျန်းမာမယ် မကျန်းမာဘူးဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ အဲဒီအင်္ဂါအစိတ်အပိုင်းတွေထဲမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အစိတ်အပိုင်းတွေလည်းပါပါတယ်။ ဒါကိုအကျယ်တဝင့်ပြောရတာက အခုဆိုရင် ကူးစက်ရောဂါအန္တရာယ်ဆိုးကြီးတွေ ဖြစ်ပွါးနေတဲ့အပြင် သိပ်မကြာခင်မှာလည်း နှစ်စဉ်ပျံ့နှံ့နေကျ အသက်ရှူလမ်းကြောင်းကနေပဲကူးစက်တဲ့ တုပ်ကွေးလိုရောဂါတွေလည်း ပျံ့နှံ့တော့မှာဖြစ်တာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးက အရေးကြီးလို့ဖြစ်ပြီး အဖိုးအဖွားတွေလို အသက်ကြီးတဲ့သူတွေမှာ ဒီရောဂါတွေက ပိုပြီးဆိုးကျိုးတွေပေးနိုင်တာကြောင့် ဒီအကြောင်းကိုအထူးပြုပြောဆိုရခြင်းဖြစ်ပါတယ်။
အသက်ရှူလမ်းကြောင်းဆိုတာဟာ ခန္ဓာကိုယ်ရဲ့ မရှိမဖြစ်လိုအပ်တဲ့အောက်ဆီဂျင်ရယူခြင်း လုပ်ငန်းစဉ်ကိုဆောင်ရွက်တာဖြစ်လို့ ဒီအသက်ရှူလမ်းကြောင်းမှာ ပြဿနာတစ်ခုခုဖြစ်တာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး လုပ်ငန်းစဉ်တွေ ရပ်တန့်သွားနိုင်ပါတယ်။
ဒီဆောင်းပါးမှာတော့ အဖိုးအဖွားတွေရဲ့ အသက်ရှူစနစ်ကျန်းမာဖို့အတွက် လိုအပ်တဲ့ အစားအသောက်ပုံစံနဲ့အတူ ရောဂါဝေဒနာခံစားနေရပြီဆိုရင်လည်း မြန်မြန်ပြန်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာတွေကို ပြောပြပေးသွားမှာပါ။
- ဘိုးဘိုးဘွားဘွားတို့ ခံစားရနိုင်တဲ့ အသက်ရှူစနစ် ပြဿနာတွေက ဘာတွေများလဲ………..
- အသက်ရှူလမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်တာ
- လေပြွန်ရောင်ရမ်းတာ
- အအေးမိ၊တုပ်ကွေး
- အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်တာ
- ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအသစ်များ
- အဆုတ်ရောင်ရောဂါ စတာတွေကို ခံစားရနိုင်ပါတယ်။
ဘိုးဘိုးဘွားဘွား အသက်ရှူစနစ်ပြဿနာကနေ ကျန်းမာလာစေဖို့
ကယ်လ်လိုရီ ပမာဏဆန်းစစ်ပါ – အသက်ရှူလမ်းကြောင်း ကျန်းမာရေး ကောင်းစေဖို့ဆိုရင် ကိုယ်အလေးချိန်ကို သေချာလေး ထိန်းညှိဖို့လိုပါမယ်။ ဒါကြောင့် ကယ်လ်လိုရီ ပမာဏကို သေချာလေး ဆန်းစစ်ဖို့ လိုအပ်ပါမယ်။ ဒီလိုပြောရတာက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေတာ၊ အဝလွန်နေတာတွေက အသက်ရှူ စနစ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။
ကယ်လ်လိုရီစားသုံးမှု နည်းတာက ခြေကုန်လက်ပမ်းကျတာ၊ အချိန်တိုင်း ဗိုက်ဆာနေတာမျိုး ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် မပိုမလိုတဲ့ ကယ်လ်လိုရီပမာဏ ရရှိစေဖို့ သေချာလေး ဆန်းစစ်ဖို့ လိုပါမယ်။ ကယ်လ်လိုရီကို တွက်ချက်ရမှာ အခက်တွေ့နေတယ်ဆိုရင် ဘိုးဘိုးဘွားဘွားတို့အတွက် လုံလောက်တဲ့ အာဟာရပြည့်ဝအောင် ဖြည့်စွက်ထုတ်လုပ်ထားတဲ့ အာဟာရဖြည့်စွက်စာတွေကို တိုက်ကျွေးပေးလို့ရပါတယ်။
အခုလို ရောဂါတွေဖြစ်ပွားနေချိန်မှာ ကိုယ်ခံအားကောင်းဖို့က မဖြစ်မနေဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့် အာဟာရလိုအပ်ချက်မြင့်မယ့် ဘိုးဘိုးဘွားဘွားတို့ ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ် စားသုံးမယ့် အစားအစာတွေထဲမှာ ပရိုတင်း၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် D တို့လိုမျိုး ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရတွေ ပြည့်ဝ လုံလောက်စွာ ပါဝင်အောင် စားသုံးဖို့လိုပါမယ်။ မလိုအပ်ဘဲ သွေးတွင်း အဆီများတာမျိုး မဖြစ်စေဖို့အတွက် အဆီပါဝင်မှုများတဲ့ အစားအစာတွေကိုတော့ ရှောင်ပေးပါ။
ဒီတော့ ဘိုးဘိုးဘွားဘွား အာဟာရပြည့်စေဖို့အတွက် ဆန်၊ပေါင်မုန့်၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အဆီမပါတဲ့ အနီရောင်အသားလိုမျိုး အာဟာရဖြစ်စေပြီး အဆီ ပါဝင်မှုကင်းတဲ့ အစားအစာတွေကို ပြင်ဆင်ပေးပါ။ အရွက်တွေကို ဆီနည်းနည်းပဲ ထည့်ကြော်ပေးတာမျိုး၊ အသားကို ဆီလုံးဝမထည့်ဘဲ ခပ်နူးနူးလေး ပေါင်းပေးတာမျိုးပေါ့။
ပရိုတင်း ပြည့်ဝပါစေ – ကိုယ်ခံအားကောင်းစေဖို့ရော နာလန်ထချိန်မှာ အသက်ရှူစနစ် ကျန်းမာစေဖို့ပါ ပရိုတင်း ပြည့်ဝမှုက မဖြစ်မနေ လိုအပ်မှာပါ။ ဒါကြောင့် အသက်ရှူ စနစ်ဆိုင်ရာ ရောဂါခံစားနေရာကနေ ပြန်လည် သက်သာလာတဲ့ ဘိုးဘိုးဘွားဘွားတို့ကို ပရိုတင်းကြွယ်ဝတဲ့ ကြက်သား၊ နို့၊ ချိစ်၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အခွံမာသီးတွေ ပြင်ဆင်ပေးလို့ရပါတယ်။
ဘိုးဘိုးဘွားဘွားတွေအနေနဲ့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အသား၊ ငါးလိုမျိုး ပရိုတင်း ပြည့်ဝတဲ့ အစားအစာတွေကို အနံ့ကြောင့် မစားချင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေအတွက် ဘိုးဘိုးဘွားဘွားတို့ကို အသက်ရှူစနစ်ဆိုင်ရာ ကျန်းမာရေးကောင်းစေဖို့ ပရိုတင်းဖြည့်စွက် အာဟာရစားစရာ၊ သောက်စရာတွေ ကျွေးမွေးပေးလို့ရပါတယ်။
နည်းနည်းချင်းစီ ပြင်ဆင်ပေးပါ – နေကောင်းစမှာ အစားအများကြီးစားတာက အစာကြေဖို့ ခက်ခဲတာမျိုးဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က အသက်ရှူစနစ် ကျန်းမာကာစ ဘိုးဘိုးဘွားဘွားတို့အနေနဲ့ အစားကို နည်းနည်းချင်းစီ စားပေးတာက အသက်ရှူရခက်တဲ့ ပြဿနာ ကင်းစေမှာပါ။
ဒါကြောင့် အာဟာရလည်းပြည့် နေလည်းမြန်မြန်ကောင်းစေဖို့ နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများ စားပေးပါ။
အိမ်မှာ ချက်ပြုတ်ပြင်ဆင်ပါ – နာလန်ထခါစ ဖိုးဖိုးဖွားဖွားတို့ကို အသင့်စား အစားအသောက်တွေ၊ အပြင်စာတွေ မကျွေးပါနဲ့။ အိမ်မှ ဆီသန့်သန့် ပူပူနွေးနွေး အာဟာရရှိရှိ ချက်ပြုတ်ထားတဲ့ အစားအသောက်တွေသာ အကောင်းဆုံးပါ။
ဆား လျှော့စားပါ – ဆား အစားများတာက ကိုယ်တွင်းမှာ ရေစုပြီး ဖောရောင်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီအနေအထားတွေက အသက်ရှူ ပြတ်တောင်း ပြတ်တောင်း ဖြစ်တာကို ပိုဆိုးစေနိုင်ပါတယ်။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ – မနက်ခင်း အိပ်ရာနိုးတိုင်း၊ နေ့လယ်စာ စားပြီးချိန်၊ ညစာ စားပြီးချိန်တွေမှာ အသက်ရှူလေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။
ဒီအချက်လေးတွေကို သေချာ ဂရုစိုက်မယ်ဆိုရင် ဘိုးဘိုးဘွားဘွားက မြန်မြန် ပြန်လည် ကျန်းမာလာမှာပါ။ နေကောင်းစ အချိန်မှာ ကိုယ်ခံအားက အားနည်းနေနိုင်ပြီး ရောဂါတွေအလွယ်တကူ ဝင်ရောက် ကူးစက်နိုင်သလို ရောဂါကို တစ်ကျော့ပြန် ခံစားရတာမျိုးဖြစ်နိုင်တာကြောင့်ပါ။ အာဟာရမပြည့်ဝတာက နာလန်ထဖို့ အချိန်ကြာစေတာတင်မဟုတ်ဘဲ အခန့်မသင့်ရင် အသက်သေဆုံးတာမျိုးအထိ ဖြစ်နိုင်ပါသေးတယ်။
ဒီတော့ အခုလို ရောဂါအသစ်အဆန်းတွေကူးစက်ပျံ့နှံ့နေတဲ့ ကာလမှာ နဂိုကတည်းက အသက်အရွယ်ကြီးရင့်တာကြောင့် ခံနိုင်ရည် နည်းပါးနေတဲ့ ဘိုးဘိုးဘွားဘွားတို့ကို ကျန်းမာနေစေဖို့ အာဟာပြည့်ဝအောင် ဂရုစိုက်ကျွေးမွေးလို့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ စောင့်ရှောက်ပေးဖို့ ပြောပါရစေ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Reference:
The Best Diet for COPD Patients https://www.everydayhealth.com/copd/a-copd-diet.aspx Accessed Date 13 May 2020
Nutrition and COPD https://www.lung.org/lung-health-diseases/lung-disease-lookup/copd/living-with-copd/nutrition Accessed Date 13 May 2020
Nutritional Guidelines for People with COPD https://my.clevelandclinic.org/health/articles/9451-nutritional-guidelines-for-people-with-copd Accessed Date 13 May 2020
It’s very easy to find out any topic on web as compared to books, as I found this paragraph at this web site.|
Highly descriptive article, I enjoyed that bit. Will there be a part 2?|
Great post. I was checking continuously this blog and I am impressed! Very useful info specially the last part 🙂 I care for such information a lot. I was looking for this particular information for a very long time. Thank you and good luck.|
I visited various sites but the audio quality for audio songs present at this site is in fact fabulous.|
An outstanding share! I have just forwarded this onto a coworker who was doing a little homework on this. And he actually ordered me breakfast because I stumbled upon it for him… lol. So allow me to reword this…. Thank YOU for the meal!! But yeah, thanx for spending the time to talk about this issue here on your site.|
Hi there, I would like to subscribe for this website to take hottest updates, thus where can i do it please assist.|
Hello, i read your blog from time to time and i own a similar one and i was just wondering if you get a lot of spam responses? If so how do you protect against it, any plugin or anything you can suggest? I get so much lately it’s driving me mad so any help is very much appreciated.|
If you desire to increase your familiarity only keep visiting this site and be updated with the newest news posted here.|